• Features
  • Tech Specs
  • Awards
  • Gallery
  • Support
ROG Strix G 2022

ROG Strix G

Raise your game. Play with style.

  • CPU/GPU Up to an AMD Ryzen™ 9 6900HX CPU and up to an NVIDIA® GeForce RTX™ 3080 Laptop GPU
  • dGPU iGPU Up to a 150W TGP NVIDIA® GeForce RTX™ 3080 Laptop GPU with MUX Switch
  • Liquid Metal ROG Intelligent Cooling™: Liquid Metal and 84-blade Arc Flow Fans™
  • QHD/FHD Fluid, fast-paced play with FHD 360Hz/3ms or QHD 240Hz/3ms displays
  • Dolby VISION ATMOS Dolby Vision and Dolby Atmos support for immersive content
  • ASUS AURA RGB Multiple RGB lighting zones with Aura Sync support to flex your flair
NVIDIA GEFORCE RTX logo Xbox GAME PASS logo

G713RW-LL130W

$2,299

Eclipse Gray
  • 17.3-inch
  • WQHD (2560 x 1440) 16:9
  • Windows 11 Home
  • AMD Ryzen™ 9 6900HX Mobile Processor (8-core/16-thread, 20MB cache, up to 4.9 GHz max boost)
  • 8GB DDR5-4800 SO-DIMM *2
  • NVIDIA® GeForce RTX™ 3070 Ti Laptop GPU
  • 1TB M.2 NVMe™ PCIe® 4.0 SSD
  • ROG backpack
  • ROG Impact Gaming Mouse

G713RW-LL170W

$2,249

Eclipse Gray
  • 17.3-inch
  • WQHD (2560 x 1440) 16:9
  • Windows 11 Home
  • AMD Ryzen™ 7 6800H Mobile Processor (8-core/16-thread, 20MB cache, up to 4.7 GHz max boost)
  • 8GB DDR5-4800 SO-DIMM *2
  • NVIDIA® GeForce RTX™ 3070 Ti Laptop GPU
  • 1TB PCIe® 4.0 NVMe™ M.2 SSD
  • ROG backpack
  • ROG Impact Gaming Mouse
Raise your game. Play with style. Raise your game. Play with style. Raise your game. Play with style. Raise your game. Play with style. Raise your game. Play with style. Raise your game. Play with style. Raise your game. Play with style. 
Start your winning streak. Start your winning streak. Start your winning streak. Start your winning streak. Start your winning streak. Start your winning streak.

Esports domination

၂၀၂၂ ခုနှစ်အတွက် Brand New Strix G ဟာ နောက်ဆုံးမိတ်ဆက်ထားတဲ့ AMD Ryzen™ 9 6900HX CPU နှင့် အမြင့်ဆုံး 150W TGP အထိ စွမ်းဆောင်နိုင်သည့် NVIDIA® 3080 Laptop GPU ၊ MUX Switch တွေကို ကျောရိုးသဖွယ်ပေါင်းစပ်ထားပါသည်။ စွမ်းဆောင်နိုင်စွမ်းအလွန်မြင့်မားသည့် DDR5 Memory ဟာ သင့် CPU ကို အလွန်လျှင်မြန်သွက်လက်တဲ့ခံစားမှုရရှိနေစေဖို့အတွက် သတင်းအချက်အလက်တွေကို အမြဲတမ်းပေးပို့ပေးနိုင်မှာဖြစ်ပါသည်။ PCIe® 4.0 SSD ကို ထောက်ပံ့ပေးထားတာကြောင့် သင့်အနေနဲ့ File Transfer ပြုလုပ်မှုတွေ၊ Game Loading Screen တွေကို ဘယ်တော့မှ စောင့်ဆိုင်းရစေမှာမဟုတ်တော့ပါဘူး။


  • WINDOWS 11 Pro

    OS

  • AMD

    Ryzen™ 9 6900HX

    CPU

  • NVIDIA® GeForce

    RTX™ 3080

    Laptop GPU

  • Max TGP

    150W

    With Dynamic Boost

  • Up to

    32GB

    DDR5 Memory


  • Mux Switch



  • PCIe® 4.0


ROG Strix G 2022
  • Ryzen to the challenge

    RYZEN TO THE CHALLENGE

    Ryzen™ with the AMD Ryzen™ 9 6900HX CPU ရဲ့ စွမ်းဆောင်ရည်အကြောင်းပြောရမယ်ဆိုရင်တော့ ဒီ Flagship Processor ဟာ ချောမွေ့သွက်လက်တဲ့ Gaming Experience အတွက် အရေးပါတဲ့ Single-threaded Performance ပိုင်းမှာ လွန်စွာအားသာမှာဖြစ်ပါသည်။ သင့်အနေနဲ့ Gameplay ကို Stream (သို့) Record ပြုလုပ်ချင်သည့်အချိန်မှာလည်း 8 Cores နှင့် 16 Threads ပါဝင်တာကြောင့် ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်မှာ စိုးရိမ်စရာမလိုအပ်ဘဲ Multi-treaded Performance ပိုင်းမှာ အကြမ်းစားစွမ်းဆောင်နိုင်စေမှာဖြစ်ပါသည်။ သင်ဘယ်လိုမျိုးပဲ ဆော့ကစားပါစေ၊ AMD Ryzen™ 9 6900HX CPU က သင့်ကိုအကောင်းဆုံးထောက်ပံ့ပေးနေမှာဖြစ်ပါသည်။

  • The next generation

    THE NEXT GENERATION

    DDR5 ခေတ်ကို ရောက်နေပါပြီ။ အခု Next Generation Memory နည်းပညာဟာ DDR4 ထက် Data တွေကို ၅၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်စွာရေးမှတ်နိုင်မှာဖြစ်ပါသည်။ Strix G ဟာ 4800MHz DDR5 RAM ကို အသုံးပြုထားတာကြောင့် DDR4 ကိုပဲ အသုံးပြုနေသည့် Laptop တွေကို အရှက်ရသွားစေမှာပါ။ ပိုများတဲ့ Bandwidth နှင့် မြင့်မားတဲ့ Frequnency တွေဟာ သင့် CPU ကို ဘယ်တော့မှ Data ကို စောင့်ဆိုင်းနေစေမှာမဟုတ်ပါဘူး။

  • Eliminate loading times

    ELIMINATE LOADING TIMES

    ဘယ်သူမှ Loading Screen တွေကို ထိုင်ကြည့်ရတာကို မကြိုက်ပါဘူး။ PCIe® 4.0 ဟာ သင့်ကို Game အတွင်းသို့ ယခင်ထက်ပိုပြီး မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်စေမှာပါ။ Mission အသစ်ကို Loading ပြုလုပ်နေတာပဲဖြစ်ဖြစ်၊ သင့် Library ထဲကို နောက်ဆုံးထွက် Game သွင်းနေတာပဲဖြစ်ဖြစ်၊ ကြီးမားတဲ့ Project တွေ၊ File Transfer ပြုလုပ်မှုတွေပဲဖြစ်ဖြစ် PCIe® 4.0 ဟာ သင့်စက်ကို အလွန်မြန်ဆန်စေဖို့ လုံလောက်တာထက်ပိုတဲ့ Bandwidth တွေ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါသည်။

GET MORE WITH MUX

အကောင်းဆုံးသော အစိတ်အပိုင်းတွေဟာ ပါဝါကောင်းကောင်းပေးနိုင်ဖို့လိုအပ်ပါသည်၊ အထူးသဖြင့် အကောင်းဆုံးသော GPU တွေပါ။ ယခုနှစ်မှာ ကျွန်တော်တို့ဟာ G Series ရဲ့ အမြင့်ဆုံး TGP ကို 20W မြှင့်တင်နိုင်ခဲ့ပြီး NVIDIA® GeForce RTX™ 3080 Laptop GPU ကို စုစုပေါင်း 150W အထိ ပါဝါပေးနိုင်ပြီဖြစ်ပါသည်။ အခုလို မြင့်မားတဲ့ Power Limit ဟာ သင့် Gaming Experience ကို အကောင်းဆုံးဖြစ်ဖို့ အာမခံပေးနိုင်တဲ့ ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်ကို ထုတ်ပေးသွားမှာဖြစ်ပါသည်။

ခေတ်ပေါ် Gaming Laptop တွေဟာ GPU မှ Frame တွေကို Display သို့ မရောက်ခင်မှာ CPU ရဲ့ Integrated Graphics ကနေတစ်ဆင့် ဖြတ်သန်းတာဖြစ်ပါသည်။ ဒါဟာ ပိုကောင်းမွန်သည့် Battery Life ကို ရရှိနိုင်ပေမယ့် တစ်ဖက်မှာ သင့် GPU ကို အကောင်းဆုံးစွမ်းဆောင်ရည်ထုတ်ပေးနိုင်ဖို့ကို ပိတ်ပင်ထားတာဖြစ်ပါသည်။ ဒါကြောင့် ကျွန်တော်တို့ဟာ ၂၀၂၂ ခုနှစ် ROG Laptop အကုန်လုံးအတွက် MUX Switch ကို ယူဆောင်လာခဲ့တာဖြစ်ပါသည်။ သင့်အနေနဲ့ ပြိုင်ဆိုင်မှုမြင့်မားသည့် Game တွေမှာ Direct GPU Mode ကို ပြောင်းလဲပြီး စွမ်းဆောင်ရည်ကို ပျှမ်းမျှ ၁၅ ရာခိုင်နှုန်းပိုမြင့်မားပြီး Latency ကို လျော့ချနိုင်ပါပြီ။

*Performance increase may vary by game
GET MORE WITH MUX

GEFORCE RTX

THE ULTIMATE PLAY

  • BOOST PERFORMANCE WITH AI

    Boost Performance with AI

    NVIDIA DLSS ဟာ Game တွေအတွက် ရုပ်ထွက်အရည်အသွေးကို ထိခိုက်မှုမရှိစေဘဲ ပိုမိုမြန်ဆန်အောင် တွန်းအားပေးနိုင်ပါသည်။ Game Settings တွေနှင့် Resolution ကို ဆွဲတင်ပြီး ပိုကောင်းမွန်တဲ့ရုပ်ထွက်ခံစားမှုကို ရရှိစေမှာဖြစ်ပါသည်။

  • MORE IMMERSIVE EXPERIENCES

    More Immersive Experiences

    Ray Tracing ဟာ ဂိမ်းတွေအားလုံးအတွက် အထွတ်အမြတ်ဖြစ်ပါသည်။ 2nd Gen RT Cores တွေကြောင့် တကယ့်ပြင်ပလောကမှာ အလင်းရောင်ပုံစံကို အတူညီဆုံးဖြစ်အောင် ဖန်တီးပေးနိုင်ပြီး Gamer တွေနှင့် Creator တွေအတွက် Immersive ဖြစ်စေသည့် Graphics ကို ထုတ်ပေးနိုင်မှာဖြစ်ပါသည်။

  • Optimized Power and Performance

    Optimized Power and Performance

    NVIDIA Max-Q ဟာ Laptop ရဲ့ပါးလွှာသည့်ကိုယ်ထည်မှာ စွမ်းဆောင်ရည်အမြင့်မားဆုံးထုတ်ပေးနိုင်ဖို့အတွက် AI ဖြင့်မောင်းနှင်သည့် နည်းပညာပေါင်းစပ်မှုများဖြစ်ပါသည်။

ROG INTELLIGENT COOLING

ထိပ်တန်း Gaming အစိတ်အပိုင်းတွေဟာ အပူကိုထုတ်လွှတ်ပြီး စွမ်းဆောင်ရည်နဲ့ အသံဆူညံမှုကို ထိခိုက်စေပါသည်။ Strix G ဟာ ROG Intelligent Cooling™ ကို အသုံးချထားသည့်အတွက် အပူချိန်ကို ကောင်းစွာထိန်းသိမ်းပေးနိုင်ပါသည်။ CPU ပေါ်တွင် Liquid Metal ကို အသုံးချထားတာကြောင့် သာမန် Thermal Paste တွေထက် ၁၆ ဒီဂရီဆဲစီးယပ်စ်အထိ အပူချိန်ကို လျော့ချပေးနိုင်ပါသည်။ Fan Outlet ၄ ခုကလည်း Laptop မှာ ပိုလျှံနေသည့်အပူကို ကျွမ်းကျင်စွာအမြန်ဆုံးဖယ်ရှားနိုင်ဖို့ သေချာစေပါသည်။ စိတ်ကြိုက်ပြင်ဆင်နိုင်သည့် Software Profile တွေဖြစ်သည့် သာမန်အသုံးပြုမှုတွေမှာ အသံဆူညံမှုကို ထိန်းပေးနိုင်သည့် Silent Mode ၊ Graphics Power Limit နှင့် Fan Speed တွေကို တိုးမြှင့်ပြီး စွမ်းဆောင်ရည်အကောင်းဆုံးပေးနိုင်မည့် Performance Mode တွေကြောင့် Gaming Experience ကို အကောင်းဆုံးဖြစ်စေမှာပါ။ သင့်အနေနဲ့ ဘာပဲဆောင်ရွက်ပြုလုပ်နေပါစေ၊ စွမ်းဆောင်ရည်နှင့် အသံဆူညံမှုကြားက မှန်ကန်သည့် ညီမျှခြင်းတစ်ခုကို ရွေးချယ်နိုင်မှာဖြစ်ပါသည်။

  • Liquid Metal

    up to 16°C cooler CPU

  • Arc Flow Fans™

    84 curved blades

  • 4 fan outlets

ROG Strix G 2022
#COOLING

Keep your CPU cool with Liquid Metal

Gaming Laptop တွေရဲ့ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဟာ Cooling ပိုင်းဖြစ်ပါသည်။ ဒီနေရာမှာ ROG ဟာ အမြဲတမ်း လုပ်ဆောင်နိုင်စွမ်းတွေရဲ့ အစွန်းတစ်ဖက်အထိ တွန်းပို့နေတာဖြစ်ပါသည်။ ဒါဟာ အပူစွမ်းအင်ကို စီးကူးစေတဲ့နေရာမှာ အလွန်စွမ်းဆောင်နိုင်စွမ်းမြင့်မားသည့် Liquid Metal ကို ရောက်ရှိစေခဲ့ပါသည်။ အပူချိန်ကိုလျော့ချနိုင်မှုတွေဟာ Processor ကို Clock Speed အမြင့်ပိုင်းမှာ အချိန်ကြာကြာမောင်းနှင်စေနိုင်ပြီး Fan တွေကိုလည်း မြင့်မားတဲ့လည်ပတ်နှုန်းကြောင့် အသံဆူညံမှုကိုပါ ကာကွယ်နိုင်စေနိုင်စေပါသည်။
*Temperature improvements compared to the traditional thermal compound, as tested internally by ASUS. Thermal conductivity compared to industry standard.

Upgraded Arc Flow Fans™ move more air with less noise

အဆင့်မြှင့်တင်ထားသည့် Arc Flow Fans™ တွေဟာ အသံဆူညံမှုအနိမ်ဆုံးနှင့် လေစီးဆင်းမှုကို အမြင့်ဆုံးရရှိစေဖို့အတွက် ရည်ရွယ်ထားသည့် Curved Blade ၈၄ ခုပါဝင်ပါသည်။ Blade တွေရဲ့ အထူကိုလည်း မတူညီအောင်ပြုလုပ်ထားသည့်အတွက် ဗဟိုခွာအားကို အခြေပြုပြီး Fan တွေ အရှိန်ဖြင့် လည်ပတ်သည့်အချိန်မှာ အသံဆူညံမှုနည်းပါးသည့် Overall Experience ကို ပေးစွမ်းနိုင်ပါသည်။
*Airflow improvements compared to the 71-blade ROG fan design, as tested internally by ASUS.

0.1MM ULTRA THIN FINS FOR THE WIN

0.1MM ULTRA THIN FINS FOR THE WIN

အပူစွမ်းအင်ကို Laptop အတွင်းမှာရှိသည့် Heatsink ၄ ခုမှတစ်ဆင့် ပျံ့နှံ့စေပါသည်။ တစ်ခုချင်းစီမှာ ၀.၁ မီလီမီတာအထိ ပါးလွှာသည့် Ultra-thin Fin လေးတွေပါဝင်ပြီး သာမန် Fin တွေထက် ပိုပြီး ထုထည်မြင့်မားသလို လေထုဖိအားကိုလည်းလျော့ချပေးနိုင်ပါသည်။ Chassis အတွင်းမှာ လေစီးဆင်းမှုကို နေရာမျိုးစုံသို့ ရောက်ရှိစေဖို့ပြုလုပ်ထားသည့် Surface Area 101706 mm2 ရှိသည့် Heatsink Fin ပေါင်း ၂၄၇ ခုပါဝင်ပါသည်။

SECOND GENERATION ANTI-DUST TUNNELS EJECT DEBRIS

SECOND GENERATION ANTI-DUST TUNNELS EJECT DEBRIS

ကျွန်တော်တို့ရဲ့ အဆင့်မြှင့်တင်ထားသည့် Thermal Module Design ဟာ ပိုပြီးတိုတောင်းသည့် Anti-dust Tunnel တွေပါဝင်ပြီး Fan တွေဘေးပတ်လည်မှာ နေရာပိုရှိလာစေပြီး လေစီးဆင်းမှုကို ၁၅ ရာခိုင်နှုန်းအထိ ပိုမိုတိုးတက်စေပါသည်။ ဖုန်မှုန့်တွေတိုးပွားလာမှုကို ကာကွယ်ပေးနိုင်တာကြောင့် သင့်ရဲ့ System ကို ရေရှည်မှာ ပိုပြီး Stable ဖြစ်စေပြီး ပိုမို Reliable ဖြစ်မှာဖြစ်ပါသည်။

3D FLOW ZONE GIVES ACCESS TO FRESH AIR

3D FLOW ZONE GIVES ACCESS TO FRESH AIR

လုံလောက်သည့် လေစီးဆင်းမှုဟာ ကောင်းမွန်သည့် Cooling အတွက် အခြေခံကျသည့်အချက်တစ်ခုဖြစ်ပါသည်။ Strix G15/G17 Laptop တွေအတွက် အေးမြသည့်လေကို ဝင်ရောက်စေဖို့အတွက် Hinge တွေကို လေဝင်လေထွက်ကောင်းမွန်ဖို့ကို ဦးစားပေးထားသည့် 3D Flow Zone ရဲ့ အရှေ့ဘက်သို့ ပြောင်းလဲထားပါသည်။ Screen ရဲ့ အောက်ဖက်မှာရှိသည့် Trapezodial Cut ဟာ လေထွက်ပေါ်က်တွေအတွက် ပိတ်ဆို့မှုမရှိဖို့ သေချာသွားစေပြီး Laptop ကိုလည်း Signature Asymmetrical Style တစ်ခုကို ပေးစွမ်းနိုင်စေပါသည်။

COOLZONE KEYBOARD KEEPS YOU FROSTY

COOLZONE KEYBOARD KEEPS YOU FROSTY

အချိန်ကြာမြင့်စွာ ဂိမ်းဆော့ကစားမှုတွေဟာ အတွင်းပိုင်းအစိတ်အပိုင်းတွေရဲ့ အပူချိန်ကို မြင့်မားစေပြီး Keyboard ကို ထိတွေ့တဲ့အချိန်မှာ ပူနွေးသည့်ခံစားမှုကို ရရှိစေနိုင်ပါသည်။ သင့်ရဲ့ လက်ချောင်းတွေကို အေးမြနေစေဖို့အတွက် WASD Key တွေအနားမှာရှိသည့် လေဝင်ပေါက်တွေဟာ Chassis အပေါ်ကနေ လေအေးကို Fan တွေမှတစ်ဆင့် ဝင်ရောက်နိုင်စေဖို့ ရည်ရွယ်ထားပါသည်။ .

0DB AMBIENT COOLING

0DB AMBIENT COOLING

ပေါ့ပါးတဲ့အလုပ်တွေမှာ စစ်မှန်တဲ့ Cooling ကို 0dB Ambient Cooling ဖြင့် ခံစားလိုက်ပါ။ Silent Operating Mode မှာ ပုံမှန်လုပ်ငန်းဆောင်တာတွေလုပ်နေတဲ့အချိန်မှာ Cooling စနစ်ကနေ Fan တွေအကုန်လုံးကို ပိတ်ချလိုက်ပြီး အပူကို Passive နည်းလမ်းဖြင့် ရွေ့လျားစေမှာဖြစ်ပါသည်။ ဒါကြောင့် သင့်ရဲ့ အလုပ်တွေ၊ ရုပ်ရှင်ကြည့်ချိန်တွေမှာ အနှောင့်အယှက်အလွန်နည်းပါးစွာဖြင့် အာရုံစိုက်နိုင်မှာဖြစ်ပါသည်။ အကယ်၍ CPU သို့မဟုတ် GPU အပူချိန်မြင့်တက်လာပါက Fan တွေဟာ အလိုအလျောက်ပြန်လည်အလုပ်လုပ်မှာဖြစ်ပါသည်။

UP TO 6 COMPREHENSIVE HEATPIPES HAVE YOU COVERED

UP TO 6 COMPREHENSIVE HEATPIPES HAVE YOU COVERED

သေချာစွာပြုလုပ်ထားသည့် Thermal Design ဟာ CPU ၊ GPU ၊ VRAM နှင့် VRM ဆီမှ အပူတွေကို စုတ်ယူပေးနိုင်သည့် Extended Heat Spreader ပါဝင်မှာဖြစ်ပါသည်။ ဒါဟာ တူညီတဲ့အစိတ်အပိုင်းတွေကို ဖုံးအုပ်ထားသည့် Heat Pipe ၆ ခုအထိ ပေါင်းစပ်ထားပါသည်။ ဒီလိုမျိုး Thermal Coverage ပိုင်းကို အများအပြားဆောင်ရွက်ထားတာက ဘက်စုံစွမ်းဆောင်ရည်ကို တည်ငြိမ်စေပြီး ပိုမိုယုံကြည်စိတ်ချထားနိုင်သလို စက်တစ်ခုလုံးရဲ့ရေရှည်သက်တမ်းကိုလည်း တိုးမြှင့်ပေးနိုင်ပါသည်။

SCENARIO PROFILES

SCENARIO PROFILES

ကျွန်တော်တို့ရဲ့ Silent ၊ Performance နှင့် Turbo Mode တွေဟာ အစဦးပဲရှိပါသည်။ Scenario Profie တွေဟာ သင့်ရဲ့ စက်ကို ဖွင့်ထားသည့် Application သို့မဟုတ် အရေးပါသည့် System Setting တွေအပေါ်အခြေခံပြီး အလိုအလျောက်ပြောင်းလဲပေးနိုင်မှာဖြစ်ပါသည်။ Lighting Configuration တွေကို ပြောင်းလဲခြင်း၊ Windows Key နှင့် Touchpad ကို ဂိမ်းဆော့ကစားနေစဥ်အတွင်း Disable ပြုလုပ်ခြင်းတွေကို စိတ်ရှိသလို အလိုအလျောက်ဆောင်ရွက်ပေးနိုင်မှာပါ။ Armoury Crate ဟာ သင့်လက်ထဲမှာရှိနေသည့် လုပ်ငန်းဆောင်တာအတွက် အကောင်းဆုံးဖြစ်နေစေဖို့ ချိန်ညှိပေးနိုင်မှာဖြစ်ပါသည်။

#DESIGN STRIX G - REPUBLIC OF GAMERS

A SPLASH OF COLOR

သင့်ရဲ့ ဘဝထဲကို အရောင်အနည်းငယ်ရေးခြယ်လိုက်ပါ။ တည်ငြိမ်ရင့်ကျက်တဲ့သွင်ပြင်အတွက် Eclipse Gray ဟာ Laptop ရဲ့ စွမ်းဆောင်ရည်ကို ဆေးရောင်အောက်မှာ ဖုံးကွယ်နေမှာဖြစ်ပြီး ထင်ရှားသည့် Volt Green နှင့် Electro Punk တွေကတော့ သင့်ကို လူအုပ်ထဲမှာ ကွဲထွက်နေစေမှာပါ။

Eclipse Gray

ROG Strix G 2022 grey
#DESIGN STRIX G - REPUBLIC OF GAMERS

A SPLASH OF COLOR

သင့်ရဲ့ ဘဝထဲကို အရောင်အနည်းငယ်ရေးခြယ်လိုက်ပါ။ တည်ငြိမ်ရင့်ကျက်တဲ့သွင်ပြင်အတွက် Eclipse Gray ဟာ Laptop ရဲ့ စွမ်းဆောင်ရည်ကို ဆေးရောင်အောက်မှာ ဖုံးကွယ်နေမှာဖြစ်ပြီး ထင်ရှားသည့် Volt Green နှင့် Electro Punk တွေကတော့ သင့်ကို လူအုပ်ထဲမှာ ကွဲထွက်နေစေမှာပါ။

Volt Green

ROG Strix G 2022 green
Armor Cap

Strix G ရဲ့ စတိုင်လ်မိုက်တဲ့ Armor Cap တွေဟာ စက်ကို ပိုပြီး ကိုယ်ပိုင်ဟန်တစ်ခုကို ဖန်တီးနိုင်စေပါသည်။ တည်ငြိမ်သည့် Cut-out တွေနှင့် အပြင်ပန်းမှာရှိသည့် Icon တွေ၊ အောက်ခြေကို ထူးခြားအောင်ပြုလုပ်ထားသည့်အတွက် သင့်စက်ကို ဘယ်ရှုထောင့်ကပဲ ကြည့်ပါစေ ကွဲထွက်နေစေမှာပါ။

Lightbar

အလင်းရောင်ထပ်ပေးနိုင်ဖို့ Lightbar က ဆောင်ရွက်ပေးနိုင်သလို Aura Sync နှင့်လည်း ခိုင်းစေနိုင်မှာဖြစ်ပါသည်။ RGB Keyboard နှင့် ပေါင်းစပ်လိုက်သည့်အခါ သင့်စိတ်ကြိုက်အလင်းကို ဖန်တီးနိုင်ပါပြီ။

Smaller Size

အရွယ်အစားသေးငယ်သည့် Chassis ဖြင့်ပြုလုပ်ထားသည့် Strix G ဟာ ဘယ်နေရာသွားသွား အဆင်သင့်ဖြစ်နေမှာပါ။

#DISPLAY

Competition hertz

17” Strix G ဟာ Panel အရွယ်အစားအပြင် Refresh Rate ကိုပါ FHD 360Hz သို့မဟုတ် QHD 240Hz အထိ အဆင့်မြှင့်တင်ထားပါသည်။ လက်ရှိမှာ အမြန်ဆန်ဆုံးသော Panel ကို လိုအပ်သည့် Gamer တွေအတွက် Full HD 360Hz ဟာ အကောင်းတကာ့အကောင်းဆုံးဖြသစ်သလို Graphic ပိုင်းအရ Immersive ဖြစ်ချင်ရင်တော့ QHD ဟာ Resolution နှင့် Refresh Rate ကြားမှာ နှစ်သက်ဖို့ကောင်းသည့် ရွေးချယ်စရာဖြစ်ပါသည်။ သတ်မှတ်ထားသည့် Model တွေဟာ 3ms Response Time နှင့် Dolby Vision HDR ပါဝင်ပြီး Contrast နှင့် ရုပ်ပုံအရည်အသွေးကို အထူးကောင်းမွန်စေမှာဖြစ်ပါသည်။

ROG Strix G 2022 ESPORTS SPEED
ESPORTS SPEED

FHD

360Hz
/3ms

FHD

360Hz
/3ms

ROG Strix G 2022 RICH DETAIL
RICH DETAIL

QHD

240Hz
/3ms

QHD

240Hz
/3ms

ROG Strix G 2022
#AUDIO #AUDIO

Crystal clear communication

Dolby Atmos နှင့်ပေါင်းစပ်ထားသည့် Smart Amp Speaker တွေဟာ သင်ကိုယ်တိုင် ရုပ်ရှင်နှင့် Game တွေအတွက် သီးသန့်ဖန်တီးထားသည့် Preset တွေနှင့် အသံတစ်လွှာချင်းစီအလိုက် အဘက်ဘက်က ကြားရစေမည့် Immersive ဖြစ်သည့် ခံစားမှုမျိုးကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။ Hi-Res Audio ဟာ Headphone တွေကို အသုံးပြုပြီး သီချင်းနားထောင်သည့်အချိန်မှာလည်း အကောင်းဆုံးသော အရည်အသွေးကို ပေးနိုင်မှာဖြစ်ပါတယ်။ AI Noise Cancellation နည်းပညာဟာ ဝင်ရောက်လာသည့် အသံနှင့် ထွက်လာသည့်အသံ ၂ မျိုးစလုံးကို စစ်ချပြီး နောက်ခံဆူညံသံတွေရှိနေရင်တောင် စကားပြောဆိုသံတွေကို ကြည်လင်စွာကြားရစေမှာပါ။ ဘယ်တော့မှ သင့်ကို နှစ်ခါ ခေါ်နေစရာလိုတော့မှာမဟုတ်ပါဘူး။

  • Smart Amp Speakers

  • Two-Way

    AI Noise Cancelation

  • DOLBY ATMOS logo
  • Hi-RES logo
ROG Strix G 2022
STRIX G - REPUBLIC OF GAMERS
  • Two-way AI Noise Cancelation

    AI Noise Cancellation

    ကျွန်တော်တို့ရဲ့ Two-Way AI Noise Cancellation နည်းပညာဟာ ဘယ် Input Device မျိုးနှင့်မဆို အလုပ်လုပ်နိုင်ပြီး အမြန်နှုန်းနှေးကွေးသည့် Connection တွေမှာပါ အလုပ်လုပ်နိုင်ပါသည်။ ဒါဟာ သင့်ကို သင့်ကိုယ်ပိုင် Mic Input တင်မဟုတ်ဘဲ တခြားသော မလိုလားအပ်သည့်အသံဝင်ရောက်မှုတွေကို ဖယ်ရှားပေးမှာဖြစ်ပါသည်။ Noise-Canceling Setting တွေကို Application တစ်ခုချင်းစီအလိုက် ပြင်ဆင်ထားနိုင်ပါသည်။

  • Immersive sounds

    Immersive sound

    အရည်အသွေးကောင်းမွန်သည့် အသံထွက်ဟာ သင့်ကို Gameplay နှင့် Media ထဲကို နှစ်မျောသွားစေမှာပါ။ Dolby Atmos က ထုတ်ပေးထားသည့် 5.1 2-channel Surround Sound ဟာ သင်ကိုယ်တိုင်ရုပ်ရှင်နှင့် Game တွေအတွက် သီးသန့်ဖန်တီးထားသည့် Preset တွေနှင့် အသံတစ်လွှာချင်းစီအလိုက် အဘက်ဘက်က ကြားရစေမည့် Immersive ဖြစ်သည့် ခံစားမှုမျိုးကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။

  • HI-RES

    Hi-Res

    Hi-Res Audio ဟာ Lossless Audio ကို ထောက်ပံ့ပေးထားပြီး သင့်ကို ဖန်တီးသူအနုပညာရှင်က ရည်ရွယ်အသံသွင်းထားသည့်အတိုင်း ကြားနိုင်စေမှာဖြစ်ပါသည်။

#CONTROL

Strike with precision

Strix G မှာပါဝင်သည့် Overstroke နည်းပညာဟာ အလုပ်လုပ်သည့်အချိန်နှင့် ဂိမ်းဆော့သည့်အချိန်တွေမှာ Key Actuation ကို လျော့ချပေးပြီး Responsive ဖြစ်မှုကို ပိုမိုမြန်ဆန်စေမှာဖြစ်ပါသည်။ Gamer တွေအတွက် ထုတ်လုပ်ထားသည့်အတွက် နေရာသီးသန့်ပေးထားသည့် Function Keys တွေနှင့် အရေးပါသည့် ထိန်းချူပ်မှုတွေအတွက် သီးသန့် Hotkeys တွေကိုထည့်သွင်းပေးထားပါသည်။ ကြီးမားသည့် Arrow Key တွေဟာ စစ်ပွဲရဲ့ အရေးပါသည့်အချိန်တွေမှာ ပိုမိုတိကျစွာထိန်းချူပ်နိုင်မှာဖြစ်ပါသည်။ ကြီးမားသည့် Touchpad ကလည်း Application တွေအားလုံးကို လွယ်ကူစွာ Tracking လုပ်ပေးနိုင်မှာပါ။ Per-key RGB Lighting စနစ်ဟာ Key တစ်ခုချင်းစီအတွက် အရောင်သန်းနှင့်ချီပြီး ရွေးချယ်နိုင်တာကြောင့် အဆုံးမရှိသည့် ပြင်ဆင်မှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပါသည်။

  • Static

    Static

  • Breathing

    Breathing

  • Strobing

    Strobing

  • Color cycle

    Color cycle

  • Rainbow

    Rainbow

  • Music

    Music

  • Smart

    Smart

  • Starry Night

    Starry night

ROG Strix G 2022
  • Keyboard layout

    Keyboard layout

    အကောင်းဆုံးသော Desktop Gaming Keyboard တွေကနေ မှီငြမ်းထားသည့်အတွက် Strix G15/17 ဟာ မှားထိမှုတွေကို လျော့ချပေးနိုင်ဖို့ နေရာခြားပေးထားသည့် Function Keys တွေ၊ ပိုရှည်လျားသည့် Space Bar နှင့် ပိုတိကျပြီး သက်သောင့်သက်သာဖြစ်စေဖို့ ပုံစံကို ပြောင်းလဲထားပါသည်။

  • Dedicated hotkeys

    Dedicated hotkeys

    သီးသန့်ပါဝင်သည့် Gaming Hotkey တွေဟာ Keyboard အပေါ် ဘယ်ဘက်မှာရှိနေမှာဖြစ်ပြီး Volume နှင့် Mic Mute Control ၊ Operating Mode တွေနှင့် Armoury Crate ကို အမြန်အသုံးပြုနိုင်စေမှာဖြစ်ပါသည်။ အဆိုပါ Hotkey တွေကို အကုန်လုံးပြင်ဆိုင်နိုင်ပြီး App တွေဖွင့်ခိုင်းဖို့၊ Function Key အနေနဲ့ ပြောင်းလဲဖို့ သို့မဟုတ် Macro အနေနဲ့လည်း အသုံးပြုနိုင်ပါသည်။ Strix G ဟာ သင့်အောင်ပွဲအတွက် လိုအပ်သည့် ကိရိယာအစုံပါဝင်ပါသည်။

  • Overstroke technology

    Overstroke technology

    ROG ရဲ့ သီးသန့်နည်းပညာဖြစ်သည့် Overstroke နည်းပညာဟာ Gaming ပိုင်းမှာ ပိုမို Responsive ဖြစ်စေဖို့နှင့် အလုပ်အတွက် Stroke တစ်ခုထဲမှာရှိသည့် အစောပိုင်း Keypress တွေကိုပါ Register ပြုလုပ်မှာဖြစ်ပါသည်။ အစောပိုင်းထဲက Trigger ပြုလုပ်တာဟာ ပိုမိုမြန်ဆန်ပြီး ပိုကောင်းမွန်သည့် တိကျမှုတွေကို ရရှိစေမှာပါ။

  • Large touch pad

    Large touch pad

    နေ့စဥ်အသုံးပြုမှုတွေမှာ သက်သောင့်သက်သာဖြစ်စေဖို့အတွက် ကြီးမားသည့် Touchpad ပါဝင်မှာဖြစ်ပါသည်။ ပိုမိုကြီးမားသည့် နေရာကြောင့် လက်လှုပ်ရှားမှုတွေနှင့် Gesture တွေဟာ Navigate ပြုလုပ်နေသည့်အချိန်မှာ ပိုမိုတိကျစေမှာဖြစ်ပါသည်။

BATTERY BATTERY

BATTERY BATTERY

BATTERY BATTERY

Stay in charge

သင့်ရဲ့ Game ကို အပြင်သွားတဲ့အချိန်မှာယူဆောင်သွားချင်တယ်ဆိုရင် အားသွင်းကြိုးဖြုတ်ပြီး ကြီးမားသည့် 90Wh Battery ဖြင့် ပိုပြီး ဆောင်ရွက်လိုက်ပါ။ Video Playback အတွက် ၁၂ နာရီအသုံးပြုနိုင်တာကြောင့် အားသွင်းပေါက်တွေရဲ့အဝေးမှာ အနားယူနိုင်မှာဖြစ်ပါသည်။ Strix G ဟာ Fast Charging ကိုလည်း ထောက်ပံ့ပေးထားပြီး သင့်စက်ကို မိနစ် ၃၀ အတွက် 0% ကနေ 50% အထိ အားသွင်းပေးနိုင်မှာပါ။ သို့မဟုတ် USB Type-C ကနေတစ်ဆင့် သင့်စိတ်ကြိုက် Battery Pack ဖြင့် On-the-go အားသွင်းနိုင်ပါသည်။


  • 90W

    battery

  • Rapid

    Type-C

    Charging

  • Up to

    12 Hour

    video playback

ROG Strix G 2022
#CONNECTIVITY

Lag-free gaming

Wi-Fi 6E (802.11ax) ဖြင့် ချိတ်ဆက်နိုင်သည့် Network တွေမှာ Gigabit Speed နှင့်အတူ ဂိမ်းဆော့ကစားလိုက်ပါ။ နောက်ဆုံးပေါ် Wi-Fi မျိုးဆက်ဖြစ်သည့်အတွက် Peak Interface Bandwidth ကို ပိုမိုမြှင့်တင်ပေးပြီး အသုံးပြုသူထူထပ်သည့် Network တွေမှာ ပိုပြီး စိတ်ချမြန်ဆန်စွာအသုံးပြုနိုင်မှာဖြစ်ပါသည်။ ဒါ့အပြင် Game အတွင်းမှာလည်း Lag မဖြစ်စေဖို့အတွက် Low Latency ကိုပါ ထောက်ပံ့ပေးမှာဖြစ်ပါသည်။ တခြားသော Device တွေအများအပြားနှင့် နှိုင်းယှဥ်သည့်အချိန်မှာ ကြိုးတပ်စရာမလိုအပ်ဘဲ ချောမွေ့သည့် Connection ချိတ်ဆက်မှုကို ရရှိစေမှာပါ။

  • 2.5G LAN

    faster internet speed

ROG Strix G 2022
  1. USB 3.2 Gen2 Type-C
  2. USB 3.2 Gen2 Type-C
    With DisplayPort™ 1.4 and USB Power Delivery
  3. HDMI (2.0b)
  4. LAN RJ45 jack
  5. USB 3.2 Gen1 Type-A
  6. USB 3.2 Gen1 Type-A
  7. Audio combo jack

Comprehensive Connectivity

သင့် Setup ကို စုံလင်သည့် I/O Port တွေဖြင့် မောင်းနှင်လိုက်ပါ။ DisplayPort™ 1.4 အပြင် USB Power Delivery ကို ထောက်ပံ့ပေးထားသည့် USB 3.2 Type-C Port ဟာ Next-gen Device တွေကို ချိတ်ဆက်နိုင်သလို Type-A USB 3.2 Gen 1 Port ၂ ခုဟာလည်း သင့်အကြိုက်ဆုံး Gaming Gear တွေနှင့် ချိတ်ဆက်နိုင်စေမှာပါ။ 2.5G LAN Port ကလည်း အကောင်းဆုံးသော Network Connection ကို ရရှိစေမှာဖြစ်ပါသည်။ အဓိကလိုအပ်သည့် Port တွေကို သေချာစွာ နေရာချထားသည့်အတွက် Mouse ကိုင်ထားသည့်လက်နေရာမှာ ကြိုးတွေရှုပ်နေမှာမဟုတ်ပါဘူး။

STRIX-G 2022 Armoury Crate Software Armoury Crate

Armoury Crate

ROG Armoury Crate ဟာ သင့်လက်ချောင်းတွေကနေ Utility တစ်ခုတည်းကို အသုံးပြုပြီး System နှင့် Lighting ထိန်းချုပ်မှုတွေကို ခိုင်းစေနိုင်မှာဖြစ်ပါသည်။ သင့်အနေနဲ့ သင့်အကြိုက်ဆုံး Title Game ကို ဖွင့်လိုက်တာနှင့် ချိန်ညှိမှုတွေကို အလိုအလျောက်ပြုလုပ်ပေးမည့် Scenario Profiles တွေကိုလည်း အလွယ်တကူသတ်မှတ်ထားနိုင်မှာပါ။

UI featuring Armoury Crate

Customizable Hot Key

Armoury Crate ဟာ သီးသန့်ပါဝင်သည့် Hotkey တွေကိုပါ စိတ်ကြိုက်ပြင်ဆင်နိုင်စေမှာဖြစ်ပါသည်။ Default အနေဖြင့် သူတို့ဟာ Volume Control ၊ Microphone Mute နှင့် Armoury Crate အတွက် Quick Launch အနေနဲ့ အလုပ်လုပ်မှာဖြစ်ပါသည်။ အနည်းငယ်ပြင်ဆင်လိုက်ရုံဖြင့် သင့်ကိုယ်ပိုင်အနေနဲ့ ပြောင်းလဲအလုပ်လုပ်နိုင်ပြီး Function Key အနေနဲ့ ပြောင်းလဲခြင်း၊ ရှုပ်ထွေးသည့် ခလုတ်ပေါင်းစပ်မှုတွေကို Macro အနေနဲ့ ပြောင်းလဲခြင်း၊ သင့်စိတ်ကြိုက် Application ကို Launch ပြုလုပ်ခြင်းတွေ ပြုလုပ်နိုင်ပါသည်။ ဒါကြောင့် သင့်စိတ်ကို လုံးဝသင့်စိတ်ကြိုက်ဖန်တီးနိုင်မှာပါ။

UI featuring Customizable Hot Key

Game Visual

ROG GameVisual Software ဟာ သီးသန့် Game Genre တစ်မျိုးစီအတွက် Optimized ပြုလုပ်ထားသည့် Graphic Mode ၆ မျိုးကို အသုံးပြုနိုင်စေမှာဖြစ်ပါသည်။ First Person Shooter (FPS) Mode ဟာ ဥပမာအားဖြင့် အလွန်မှောင်မဲနေသည့်နေရာတွေကို ပိုလင်းစေမှာဖြစ်ပြီး သင့်ကို အရိပ်ထဲမှာရှိသည့်ရန်သူတွေကို သိရှိစေနိုင်ပါသည်။ သင့် Library ထဲမှာရှိသည့် ဂိမ်းတွေကို အကောင်းဆုံးဆော့ကစားနိုင်ဖို့ GameVisual ကို အသုံးပြုလိုက်ပါ။

UI featuring Game Visual

Aura Creator

Aura-compatible ဖြစ်သည့် Peripheral တွေမှာပါဝင်သည့် RGB Lighting ကို သင်ဆော့ကစားသည့်ပုံစံအတိုင်း ပြင်ဆင်လိုက်ပါ။ Aura Core ရဲ့ အလွန်အသုံးပြုရလွယ်ကူသည့် Control Panel ဟာ အလင်း Effect တွေနှင့် အရောင်တွေကို စိတ်ကြိုက်ပြောင်းလဲနိုင်မှာဖြစ်ပြီး Lighting Mode Preset တွေကိုလည်း ပြောင်းလဲနိုင်မှာဖြစ်ပါသည်။ သင့်အနေနဲ့ Device အများအပြားမှာ တစ်ရောင်တည်းဖြစ်စေဖို့အတွက် Aura Sync ကိုလည်း အသုံးပြုနိုင်ပါသည်။

UI featuring Aura Creator

Scenario Profiles

အလိုအလျောက် Silent ၊ Performance နှင့် Turbo Mode တွေကို ပြောင်းလဲမှုတွေဟာ Scenario Profiles ရဲ့ အစပဲရှိပါသေးသည်။ သင့်အနေနဲ့ Application အလိုက် ပြောင်းလဲနိုင်သလို အရေးပါသည့် Lighting Configuration လိုမျိုး System Setting တွေကိုလည်း သတ်မှတ်ထားနိုင်မှာဖြစ်ပါသည်။ Windows Key နှင့် Touchpad တွေကို Enable ပြုလုပ်ဖို့၊ GameFirst VI နှင့် Sonic Studio III မှာ ဘယ် Profile တွေကို သုံးမလဲဆိုတာကိုပါ သတ်မှတ်ထားနိုင်ပါသည်။ Armoury Crate ဟာ သင့်ကို သင့်အလိုရှိသည့်အတိုင်း Profile တစ်ခုချင်းစီကို သင်သုံးနေတဲ့အပေါ်လိုက်ပြီး အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးမှာဖြစ်ပါသည်။

UI featuring Scenario Profiles

Xbox Game Pass Ultimate

Discover your next favorite game

သင့်သူငယ်ချင်းတွေနှင့်အတူ PC ၊ Console ၊ စမတ်ဖုန်း သို့မဟုတ် Tablet ပေါ်မှာ သက်သာသည့် လစဥ်ကြေးပေးပြီး အရည်အသွေးမြင့် ဂိမ်းပေါင်း ၁၀၀ ကျော်ကို ဆော့ကစားလိုက်ပါ။ ဂိမ်းအသစ်တွေကို အမြဲတမ်းထည့်သွင်းပေးနေတာကြောင့် အမြဲတမ်းဆော့ကစားဖို့ ဂိမ်းအသစ်ရှိနေမှာပါ။

*Terms and exclusions apply. Game catalog varies over time, by region, and by device. See xbox.com/gamepass and https://www.ea.com/eaplay/terms, for details. Xbox Cloud Gaming: Streaming limits apply. Requires compatible controller (sold separately), supported device and Xbox Game Pass app; see system requirements. System requirements vary by game; performance scales with higher-end systems. **The EA logo and Battlefield are trademarks of Electronic Arts Inc. © FIFA is a copyright and/or trademark of FIFA. All rights reserved. Manufactured under license by Electronic Arts Inc. STAR WARS © & TM 2019 Lucasfilm Ltd. All rights reserved.
DISCOVER YOUR NEXT FAVORITE GAME - GAME PASS

Awards

Video Reviews

2022 ROG Strix G15/17 - Raise your game. Play with style.

Looking for power or mobility? Do you want it for something other than playing? Among these ROG laptops you will find the one that suits you

Media Reviews

CUSTOMER REVIEWS

Product Comparison

Product added to comparison. Add up to 4 products or proceed to view compare products selected.

    VIEW COMPARISON

    ASUS Footer