
Powered by up to the latest Ryzen™ 9 6900HS CPU and up to an NVIDIA® GeForce RTX™ 3080 Laptop GPU with MUX Switch
The lowest price from 30 days before the promotion:
Powered by up to the latest Ryzen™ 9 6900HS CPU and up to an NVIDIA® GeForce RTX™ 3080 Laptop GPU with MUX Switch
QHD 240Hz/3ms panel with Pantone® validation, Dolby Vision support, 100% DCI-P3 coverage and super-narrow bezels
Six speakers with Dolby Atmos® support and Two-Way AI Noise Cancelation technology
With excellent battery life, USB Type-C charging, and Wi-Fi 6E support, enjoy the freedom to take your machine anywhere
ROG Intelligent Cooling: Liquid metal thermal compound on the CPU and 0dB ambient cooling
သင့်ရဲ့ကိုယ်ပိုင်စတိုင်လ်ကို Moonlight White သို့မဟုတ် Eclipse Gray အရောင်ဖြင့် ပြသလိုက်ပါ။ ပိုမိုအကြမ်းခံနိုင်အောင် ပြုလုပ်ထားသည့် Metal Lid ဟာ တိကျစွာဖြတ်တောက်ထားပြီး Dot Matrix Design အောက်ခြေမှာ အရောင်ပြန်နေစေသည့် Shimmering Effect ရရှိနိုင်မည့် Prismatic Film တစ်ခုထည့်သွင်းပေးထားပါသည်။ 180° ErgoLift Hinge ဖြင့် သင့်စိတ်ကူးထဲကအတိုင်း အဆင်ပြေသည့် Viewing Experience တစ်ခုကို ရယူနိုင်ပါပြီ။ ကြီးမားကျယ်ပြန့်သည့် Touchpad ကလည်း Navigation ပြုလုပ်မှုကို လွယ်ကူစေပါသည်။
Lid ပေါ်တွင် အသုံးပြုထားသည့် Asymmetrical Dot Matrix Design တိကျစွာပြုလုပ်ထားသည့် CNC Milling Process ကို အသုံးပြုထားပြီး အရွယ်အစားသေးငယ်သည့် မျက်နှာပြင်မှာ နေရာတိကျစွာဖောက်ထားသည့် အပေါက်ပေါင်း ၈၂၇၉ ခု ပါဝင်ပါသည်။ အောက်ခြေမှာ Prismatic Film ကို ထည့်သွင်းပေးထားတာကြောင့် အလင်းရောင်ကို မှန်ကန်သည့်အနေနဲ့အနေအထားရရှိသည့်အချိန်မှာ တည်ငြိမ်သည့်အရောင်ပြေးပုံစံ Effect ကို တွေ့မြင်နိုင်မှာဖြစ်ပါသည်။
180° ErgoLif Hinge ဖြင့် ပိုမိုများပြားတဲ့ကြည့်ရှုနိုင်စွမ်းတွေကို ဖွင့်လှစ်လိုက်ပါ။ ပုံမှန် Laptop တွေဟာ Lid ကို ဖွင့်လှစ်နိုင်မှုအပိုင်းမှာ အကန့်အသတ်ရှိသည့်အတွက် မျှဝေအသုံးပြုမှုတွေမှာ အဆင်မပြေမှုတွေကြုံတွေ့နိုင်သလို သက်သောင့်သက်သာမထားနိုင်တာမျိုးကို ကြုံတွေ့ရတတ်ပါသည်။ Zephyrus G15 ဟာ သင့်ကို Screen ကို အနောက်ဖက်ထိ လှန်ချနိုင်မှာဖြစ်ပြီး အသင်းအဖွဲ့တွေကို မျှဝေဖို့ပဲဖြစ်ဖြစ်၊ သင်ကိုယ့်ပိုင်အကောင်းဆုံးအနေအထားကို ချိန်ညှိဖို့ပဲဖြစ်ဖြစ်၊ အိပ်ယာထဲမှာ Steaming ကြည့်ရှုဖို့၊ ပေါင်ပေါ်မှာတင်ပြီး အသုံးပြုဖို့အတွက် အကောင်းဆုံး Angle ကို ချိန်ညှိနိုင်မှာဖြစ်ပါသည်။
အကြမ်းခံနိုင်သည့် Magnesium-aluminum Lid နှင့် Deck ဟာ သင့်စက်ကို ထိခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါသည်။ အလွန်ပါးလွှာသည့်အရွယ်အစားရရှိအောင် ပြုလုပ်ထားပေမယ့် အခု သတ္တုစပ် Alloy ဟာ ကိုယ်ထည်ကို ပေါ့ပါးပြီး အလွယ်တကူသယ်ဆောင်သွားနိုင်မှာဖြစ်ပါသည်။ နေ့တိုင်း နေရာတိုင်းကို စိတ်ပူပန်မှုမရှိဘဲ သယ်ဆောင်သွားလိုက်ပါ၊ ဒါ့အပြင် Wear-resistant Coating ကလည်း မျက်နှာပြင်ကို နေ့တိုင်းလှပနေစေမှာဖြစ်သည့်အတိုင်း အမြဲတမ်း စတိုင်လ်ကျနေစေမှာပါ။
Honeycomb Reinforcement တွေဟာ လက်ကောက်ဝက်တင်သည့်နေရာမှာ ထည့်သွင်းထားပြီး အကြမ်းခံနိုင်စွမ်းမြင့်မားစေမှာဖြစ်သလို အနည်းပါးဆုံးသော Material တွေကို အသုံးပြုထားတာကြောင့် ကိုယ်ထည်ကိုလည်း ပေါ့ပါးပြီး အကြမ်းခံစေမှာဖြစ်ပါသည်။ အခု Design ဟာ ဖိအားကြောင့် ကွေးညွတ်မှုတွေကိုလည်း ခံနိုင်ရည်ရှိသည့်အတွက် စာရိုက်နေသည့်အချိန်နှင့် လက်ကကိုင်ပြီး သယ်ဆောင်သွားသည့်အချိန်တွေမှာ စိတ်ချရသည့် ခံစားမှုကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။
Stealth Type Keyboard အသစ်ဟာ အသံဆူညံမှုကို 30dB အောက်မှာပဲထိန်းထားနိုင်သည့်အတွက်
အမြဲတမ်း Low Profile အနေနှင့် နေနိုင်ပါပြီ။ Meeting အတွင်းမှာ စကားပြောဆိုနေမှုကို
အနှောင့်အယှက်မဖြစ်စေဘဲ Notes တွေချမှတ်နိုင်မှာဖြစ်သလို စာသင်ခန်းအတွင်းမှာလည်း
Windows တွေကူးပြောင်းပြီး Chat ပြုလုပ်နိုင်မှာဖြစ်ပါသည်။ ဒါမှမဟုတ် Cafe နှင့်
ကော်ဖီဆိုင်တွေမှာ လူမသိအောင် ဂိမ်းဆော့ကစားနိုင်မှာပါ။ အခုလိုမျိုး အသံဆူညံမှုမရှိသည့်
Keyboard ကြောင့် သင့်အနေနှင့် ပတ်ဝန်းကျင်ကို အာရုံစိုက်နေဖို့မလိုအပ်တော့ဘဲ
ကိုယ်ပြုလုပ်နေသည့်အရာကိုပဲ အာရုံစိုက်နိုင်ပါပြီ။
*30dB as tested internally by ASUS, noise level may differ by
product usage.
နေ့စဥ်အသုံးပြုမှုတွေမှာ ပိုပြီးသက်သောင့်သက်သာဖြစ်မှုကို ယခင် Generation တွေထက် ၂၀ ရာခိုင်နှုန်းပိုမိုကြီးမားသည့် Touchpad ဖြင့် အဆင့်မြှင့်တင်လိုက်ပါ။ နေရာပိုမိုရရှိလာတာဟာ လက်လှုပ်ရှားမှုတွေမှာ ပိုပြီး သက်သောင့်သက်သာရှိလာမှာဖြစ်ပြီး Web Browsing နှင့် App တွေကို Navigation ပြုလုပ်နေသည့်အချိန်မှာ Gesture အသုံးပြုမှုတွေကို ပိုပြီး လွယ်ကူလာစေမှာဖြစ်ပါသည်။ မှန်သားမျက်နှာပြင်အသစ်ကလည်း ပိုးသားပေါ်မှာ အသုံးပြုနေရသလိုမျိုး ချောမွေ့နေစေမှာပါ။ Touchpad Controller ကလည်း ၄၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာသည့်အတွက် သိရှိနိုင်မှုပိုမိုမြန်ဆန်လာမှာဖြစ်သလို ပိုမိုတိကျပြီး Latency ကိုလျော့ချပေးနိုင်တာကြောင့် User Experience ပိုင်းမှာ ပိုကောင်းသွားစေမှာပါ။
အမြင့်ဆုံး AMD Ryzen™ 9 6900HS CPU နှင့် GeForce RTX™ 3080 Laptop GPU ဖြင့် Game ၊ Content Creation တွေနှင့် တခြားသော လုပ်ငန်းတွေကို မြန်ဆန်စွာဆောင်ရွက်လိုက်ပါ။ 4800MHz DDR5 RAM ကြောင့် စောင့်ဆိုင်းရသည့်အချိန်နည်းပါးပြီး ဂိမ်းဆော့ကစားသည့်အချိန်တွေ ပိုထွက်လာစေမှာဖြစ်ပါသည်။ Dual M.2 Slot တွေဟာလည်း အမြင့်ဆုံးစွမ်းဆောင်ရည်အတွက် CPU ကို တိုက်ရိုက်ချိတ်ဆက်ထားပြီး သင့်ရဲ့ တိုးပွားနေသည့် Game Library နှင့် Content Portfolio အတွက် အမြင့်ဆုံး 1TB Storage ပါဝင်မှာဖြစ်ပါသည်။
အမြင့်ဆုံး AMD Ryzen™ 9 6900HS Mobile Processor ဖြင့် ခေတ္တဂိမ်းဆော့ကစားနေတာကနေ Multitasking ပြုလုပ်မှုတွေကို မျက်စိတစ်မှိတ်အတွင်း ကူးပြောင်းလိုက်ပါ။ နောက်ဆုံးထွက် အကြမ်းဆုံးသော 6nm နည်းပညာဖြင့် တည်ဆောက်ထားသည့် ယခု High Performance CPU ဟာ Heavy Duty Workload တွေအတွက် အဆင်သင့်ဖြစ်နေမှာဖြစ်ပါသည်။ CPU ဟာ ပါဝင်စားသုံးမှုနည်းပါးသည့်အတွက် အပူထုတ်လွှတ်မှုနည်းပါးပြီး အခုလို အရွယ်အစားသေးငယ်သည့် စက်တစ်လုံးမှာ တွေ့ရလေ့မရှိသည့် စွမ်းဆောင်ရည်အမြင့်ပိုင်းကို ကြာရှည်စွာထိန်းထားနိုင်မှာဖြစ်ပါသည်။
GeForce RTX™ 30 Series Graphic Card တွေဟာ Gamer တွေနှင့် Creator တွေအတွက် အမြန်ဆန်ဆုံးသော Laptop တွေကို မောင်းနှင်နေတာဖြစ်ပါသည်။ ဆုပေါင်းများစွာပိုင်ဆိုင်ထားသည့် Nvidia ၏ 2nd Gen RTX Architecture ဖြစ်သည့် Ampere ဖြင့် တည်ဆောက်ထားပြီး RT Core အသစ်တွေ၊ Tensor Core နှင့် Streaming Multiprocessor တွေဟာ ပြင်ပဘဝနှင့်အတူညီဆုံးသော Ray-traced Graphic တွေနှင့် အကြမ်းဆုံးသော AI Feature တွေကို အသုံးပြုနိုင်စေမှာဖြစ်ပါသည်။
အခုလိုမျိုး စွမ်းဆောင်နိုင်စွမ်းမြင့်မားသည့် Processor နှင့် အမြင့်ဆုံး 48GB အထိ Dual-channel DDR5-4800 Memory ကို ထောက်ပံ့ပေးနိုင်တာကြောင့် ROG Zephyrus G15 ဟာ အကြမ်းတမ်းဆုံးသော Multitasking ပြုလုပ်မှုတွေကို အသာလေးဆောင်ရွက်နိုင်မှာပါ။ RAM ဟာ Streaming ၊ Creating နှင့် Web Browsing ပြုလုပ်မှုတွေအကုန်လုံးကို တစ်ပြိုင်တည်းကိုင်တွယ်နိုင်သည့် Bandwidth နှင့် Capacity ပါဝင်မှာဖြစ်ပါသည်။
Game တွေ၊ Application တွေနှင့် အရွယ်အစားကြီးမားသည့် Files တွေဟာ 2 NVM Express® (NVMe®) SSD တွေပေါ်မှာ မယုံနိုင်လောက်အောင် မြန်ဆန်နေမှာဖြစ်ပါသည်။ အဆိုပါ SSD တစ်ခုစီဟာ ကိုယ်ပိုင် PCIe x4 Interface ကနေတစ်ဆင့် CPU ကို တိုက်ရိုက်ချိတ်ဆက်ထားမှာဖြစ်ပါသည်။ အမြင့်ဆုံး 1TB Storage ပါဝင်တာကြောင့် Creative App တွေ၊ ဂိမ်းတွေနှင့် Content Portfolio အတွက် နေရာအများအပြားရှိနေမှာဖြစ်ပါသည်။ ဒုတိယ M.2 SSD Slot ဟာလည်း သင့်ကို စုစုပေါင်း Capacity ပိုတိုးလာစေဖို့အတွက် Storage ပိုမိုတိုးချဲ့နိုင်စေသလို Content Creation ပိုင်းကို အရှိန်မြှင့်တင်နိုင်စေဖို့အတွက် သီးခြား Scratch Disk အနေနဲ့လည်း အသုံးပြုနိုင်မှာပါ။
NVIDIA DLSS ဟာ Game တွေအတွက် ရုပ်ထွက်အရည်အသွေးကို ထိခိုက်မှုမရှိစေဘဲ ပိုမိုမြန်ဆန်အောင် တွန်းအားပေးနိုင်ပါသည်။ Game Settings တွေနှင့် Resolution ကို ဆွဲတင်ပြီး ပိုကောင်းမွန်တဲ့ရုပ်ထွက်ခံစားမှုကို ရရှိစေမှာဖြစ်ပါသည်။
Ray Tracing ဟာ ဂိမ်းတွေအားလုံးအတွက် အထွတ်အမြတ်ဖြစ်ပါသည်။ 2nd Gen RT Cores တွေကြောင့် တကယ့်ပြင်ပလောကမှာ အလင်းရောင်ပုံစံကို အတူညီဆုံးဖြစ်အောင် ဖန်တီးပေးနိုင်ပြီး Gamer တွေနှင့် Creator တွေအတွက် Immersive ဖြစ်စေသည့် Graphics ကို ထုတ်ပေးနိုင်မှာဖြစ်ပါသည်။
NVIDIA Max-Q ဟာ Laptop ရဲ့ပါးလွှာသည့်ကိုယ်ထည်မှာ စွမ်းဆောင်ရည်အမြင့်မားဆုံးထုတ်ပေးနိုင်ဖို့အတွက် AI ဖြင့်မောင်းနှင်သည့် နည်းပညာပေါင်းစပ်မှုများဖြစ်ပါသည်။
ခေတ်ပေါ် Gaming Laptop တွေဟာ မြင့်မားသည့် စွမ်းဆောင်ရည်အတွက် သီးသန့် Graphic Chip တွေကို အသုံးပြုထားကြပါသည် - ဒါပေမယ့် GPU မှ Frame တွေကို Display သို့ မရောက်ခင်မှာ CPU ရဲ့ Integrated Graphics ကနေတစ်ဆင့် ဖြတ်သန်းပြီး ဒါဟာ ပိုကောင်းမွန်သည့် Battery Life ကို ရရှိနိုင်ပေမယ့် တစ်ဖက်မှာ သင့် GPU ကို အကောင်းဆုံးစွမ်းဆောင်ရည်ထုတ်ပေးနိုင်ဖို့ကို ပိတ်ပင်ထားတာဖြစ်ပါသည်။ ဒါကြောင့် ကျွန်တော်တို့ဟာ 2022 ROG Laptop အကုန်လုံးအတွက် MUX Switch ကို ယူဆောင်လာခဲ့တာဖြစ်ပါသည်။ သင့်အနေနဲ့ ပြိုင်ဆိုင်မှုမြင့်မားသည့် Game တွေမှာ Direct GPU Mode ကို ပြောင်းလဲပြီး စွမ်းဆောင်ရည်ကို ပျှမ်းမျှ ၉ ရာခိုင်နှုန်းပိုမြင့်မားပြီး Latency ကို လျော့ချနိုင်ပါပြီ။
ROG ၏ Intelligent Cooling နည်းပညာဟာ ကိုယ်ထည်တစ်ခုစီနှင့် အစိတ်အပိုင်းတွေပေါ်လိုက်ပြီး သင်ဘယ်လိုမျိုး လုပ်ငန်းတွေဆောင်ရွက်နေပါစေ၊ အကောင်းဆုံးသော Experience ကို ရရှိစေဖို့အတွက် မှန်ကန်သည့် Feature တွေနှင့် System Setting တွေကို ချိန်ညှိပေးမှာဖြစ်ပါသည်။ Zephyrus G15 အတွက် Liquid Metal Thermal Compound ဟာ သင့်ရဲ့ CPU ကို အေးမြစေပါသည်။ Self-cleaning Thermal Module ဟာ ဖုန်မှုန့်တွေကို ရှင်းလင်းပေးပြီး ရေရှည်အသုံးပြုနိုင်စွမ်းကို တိုးတက်စေပါသည်။ တစ်ဖက်မှာလည်း Dual Arc Flow Fan တွေရဲ့ Design ပြောင်းလဲထားသည့် Blade တွေဟာ အသံဆူညံမှုအနည်းဆုံးနှင့် အထင်ကြီးဖို့ကောင်းသည့် လေစီးဆင်းမှုကို ထုတ်ပေးနိုင်ပါသည်။ ROG Armoury Crate Software ဟာလည်း လုပ်ငန်းအပေါ်မှုတည်ပြီး စွမ်းဆောင်ရည်နှင့် ဆူညံသံကိုတွေ Optimize ပြုလုပ်ဖို့အတွက် Operating Mode တွေကို အလိုအလျောက်ပြောင်းလဲပေးနိုင်ပါသည်။
Thermal Grizzly မှ Liquid Metal Compound ဟာ သာမန် Thermal Paste နှင့်နှိုင်းယှဥ်လျှင် CPU အပူချိန်ကို အမြင့်ဆုံး 10°C* အထိ လျော့ချနိုင်ပါသည်။ ကျွန်တော်တို့အနေနဲ့ AMD CPU တွေအတွက် မူပိုင်ခွင့်နည်းပညာကို အဆင့်မြှင့်တင်ထားပြီး Processor Package အပေါ်တွင်ပါဝင်သည့် မျက်နှာပြင်ပေါ်မှာတပ်ဆင်ထားသည့် အစိတ်အပိုင်းတွေကို ကာကွယ်နိုင်ဖို့အတွက် အထူးသီးသန့်အဆင့်တစ်ခုပါဝင်လာမှာဖြစ်ပါတဘ်။
ကျွန်တော်တို့၏ 84 Blade Arc Flow Fan တွေဟာ အောက်ခြေမှ ထိပ်ဖျားအထိ မတူညီသည့်အထူရှိမှာဖြစ်ပြီး လေစီးဆင်းမှုကို အမြင့်ဆုံးရရှိစေမှာဖြစ်ပါသည်။ ဒါ့အပြင် Blade တွေဟာ လေထုအတွင်းထိခိုက်မှုကို လျော့နည်းစေပြီး အသံဆူညံမှုကို လျော့နည်းစေသည့် အထူးသီးသန့် Aerodynamic Wave Pattern တစ်ခုပါဝင်မှာဖြစ်ပါသည်။ 0dB နည်းပညာကြောင့် CPU နှင့် GPU အပူချိန်တွေဟာ Silent Operating Mode မှာ 50°C အောက်ကျဆင်းသွားပါက Fan တွေကို လုံးဝပိတ်ချပေးမှာဖြစ်ပြီး သာမန်ပေါ့ပါးသည့်အလုပ်တွေမှာ အသံထွက်ရှိခြင်းမရှိသည့် Cooling စနစ်ကို ရရှိစေမှာပါ။
Internal Blast Cooling နည်းပညာဟာ ကိုယ်ထည်အတွင်းပိုင်းမှာ တိကျစွာဖြတ်တောက်ထားသည့် Cutout တွေကနေတစ်ဆင့် Internal Component တွေကို လေစီးဆင်းမှုကို တိုက်ရိုက်ဝင်ရောက်စေပါသည်။ ပုံမှန် Design တွေနှင့် နှိုင်းယှဥ်ပါက ယခုနည်းပညာဟာ ပိုပြီးအကျိုးရှိသည့် Cooling ကို ရရှိနိုင်ပြီး CPU နှင့် GPU အပူချိန်တွေကို 6°C အထိ လျော့ချနိုင်စေပါသည်။ အပူချိန်လျော့နည်းတာဟာ ပြင်းထန်သည့် Gaming Session တွေမှာ Boost Clock ကို ပိုပြီး အချိန်ကြာကြာထိန်းထားနိုင်စေမှာဖြစ်ပါသည်။
အပူစွမ်းအင်ဟာ ဘေးတစ်ဖက်တစ်ချက်မှာရှိသည့် Heatsink ၄ ခုဖြင့် ဖယ်ရှားပေးပါသည်။ Heatsink တစ်ခုစီမှာ 0.15mm အထိ ပါးလွှာသည့် Ultra-thin Fin တွေပါဝင်ပြီး ပုံမှန်ပါဝင်နေကြ ၂ ဆ ပိုထူထဲသည့် Fin တွေထက် လေထုပိုမိုဝင်ရောက်စေပြီး လေထုအတွင်းခုခံမှုကိုလည်း လျော့နည်းစေပါသည်။ 97,632.9mm² Surface Area ရှိသည့် စုစုပေါင်း Heatsink Fin ၂၄၄ ခုဟာ လေစီးဆင်းမှုကို နေရာမျိုးစုံကို ညွှန်ပြပေးနိုင်ပြီး ErgoLift Design နှင့် ထိခိုက်မှုကို လျော့နည်းစေပါသည်။
Heatpint ၆ ခုဟာ CPU ၊ GPU နှင့် VRAM တွေတင်မဟုတ်ဘဲ ပါဝါပေးပို့နေသည့် VRAM Circuitry တွေဆီမှ အပူကို ဖယ်ရှားပေးနိုင်ပါသည်။ အဆိုပါ Component တွေမှ အပူကို လျော့ချပေးခြင်းဖြင့် ရေရှည်အသုံးပြုနိုင်စွမ်းကို မြင့်မားစေပြီး ယုံကြည်စိတ်ချစွာအသုံးပြုနိုင်စေပါသည်။
Scenario Profiles တွေဟာ မတူညီသည့် Game တွေနှင့် Application အပေါ်လိုက်ပြီး စွမ်းဆောင်ရည်နှင့် အသံဆူညံမှုကို ချိန်ညှိပေးနိုင်ဖို့အတွက် Operating Mode တွေကို အလိုအလျောက်ပြောင်းလဲပေးပါသည်။ Turbo Mode ဟာ အမြင့်မားဆုံး Fan Speed ကို အသုံးပြုပြီး Clock Speed ကိုလည်း အမြင့်ဆုံးဖြင့် မောင်းနှင်ပေးနိုင်ပါသည်။ Performance Mode ဟာ Clocks နှင့် Cooling ပိုင်းကို Gaming အတွက် အသံဆူညံမှုနည်းပါးအောင် ထိန်းညှိပေးပါသည်။ Silent Mode ကတော့ ပေါ့ပါးသည့် အလုပ်တွေနှင့် Entertainment ပိုင်းအတွက် အသံကို ငြိမ်သက်စွာ မောင်းနှင်ပေးနိုင်ပါသည်။ သင့်အနေနဲ့ Scenario Profile တွေကို စိတ်ကြိုက်ပြောင်းလဲနိုင်အောင် ချိန်ညှိထားနိုင်သလို Mode တွေကို Manual ပြောင်းလဲဖို့အတွက် Keyboard Shortcut ကိုလည်း အသုံးပြုနိုင်ပါသည်။
ကျွန်တော်တို့၏ နောက်ဆုံးပေါ် High-resolution ၊ High-refresh Display ဖြင့် ဂိမ်းဆော့ကစား၊ Creation တွေအပြင် အများအပြားကို ဆောင်ရွက်လိုက်ပါ။ အမြင့်ဆုံး QHD 240Hz Panel ဟာ လျှင်မြန်သည့် Action တွေနှင့် အနုစိတ်ဖော်ပြပေးနိုင်သည့် Visual တွေရဲ့ ကမ္ဘာနှစ်ဖက်လုံးစီက အကောင်းဆုံးတွေကို ရရှိစေမှာဖြစ်ပါသည်။ မြန်ဆန်သည့် 3ms Grey-to-grey Response Time ဟာ တိကျသည့် Target Tracking အတွက် Motion Blur ကို လျေ့ာချပေးနိုင်ပါသည်။ Adaptive-Sync ဟာ ဂိမ်းဆော့ကစားမှုတွေကို အလွန်ချောမွေ့စေပြီး Visual Tearing ဖြစ်မှုတွေကို ဖယ်ရှားနိုင်သလို ပိုပြီး အာရုံစိုက်နိုင်စေဖို့အတွက် Stuttering တွေကို လျော့ချပေးနိုင်ပါသည်။ Dolby Vision ဟာလည်း Display ကို အကောင်းဆုံးဆိုသည့် Contrast တွေကို ရရှိဖို့ အာမခံပေးနိုင်သလို နောက်ဆုံးထွက် HDR ဂိမ်းတွေနှင့် Content တွေအတွက် အဆင်သင့်ဖြစ်နေစေမှာပါ။
Virtual World တွေဟာ QHD Display တွေဖြင့် ပိုပြီး Immersive ဖြစ်စေမှာပါ။ Pixel ပေါင်း ၃.၅ သန်းကျော်က အလွန်တိကျပြီး အရောင်အသွေးပိုင်းမှာ ချောမွေ့နေပြီး လှပေနေမည့် ရုပ်ထွက်တွေကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။ Entertainment ပိုင်း ဖျော်ဖြေမှုတွေဟာလည်း တကယ့်အပြင်လောကအတိုင်း ရုပ်ထွက်အရောင်အသွေးတွေကြောင့် Gaming မှတစ်ဆင့် Video တွေအထိ အလွန်ကောင်းမွန်နေမှာပါ။
sRGB Color Space ဟာ ဒီဂျစ်တယ်ရုပ်သံအများစုအတွက် Standard အဖြစ်သတ်မှတ်ခံထားရသော်လည်း Professional Filmmaking တွေမှာ အသုံးပြုသည့် DCI-P3 Spectrum မှာတော့ 75% အထိပဲ ထောက်ပံ့ထားနိုင်တာဖြစ်ပါသည်။ DCI-P3 ကို အပြည့်အဝထောက်ပံ့ထားနိုင်သည့် Display တွေဟာ Wide Color Gamut ဖြစ်သည့်အတွက် ပိုပြီးစုံလင်သည့်အရောင်တွေကို ရရှိနိုင်သလို သင့်ကို ရုပ်ရှင်တွေနှင့် တခြားသော Media တွေကို ထုတ်လုပ်သူက ခံစားဖို့အတွက်ရည်ရွယ်ထားသည့်အတိုင်း ခံစားနိုင်စေမှာဖြစ်ပါသည်။
စစ်မှန်သောအရောင်တွေကို Pantone® Validated Display တွေဖြင့် ယုံကြည်မှုကို ရယူလိုက်ပါ။ IPS-level Panel တစ်ခုချင်းစီဟာ Pantone® Color Validation အတွက် လိုအပ်ချက်တွေအားလုံးနှင့် ကိုက်ညီအောင် သေချာစွာ Factory Calibrate ပြုလုပ်ထားသည့်အတွက် သင့်ကို အရောင်အသွေးတိုင်းကို တကမ္ဘာလုံးမှာ လက်ခံထားသည့်အတိုင်း မှန်ကန်စွာမြင်တွေ့နိုင်စေမှာပါ။ ယခုလိုမျိုး အလွန်မြင့်မားကောင်းမွန်သည့် Color Accuracy ဟာ Artist တွေ၊ Designer တွေနှင့် Content Creator တွေကို သူတို့ရဲ့ Professional အလုပ်တွေကို တိကျစွာပြုလုပ်နိုင်စေသလို တူညီသည့်စက်ပေါ်မှာပဲ တောက်ပကြည်လင်ပြတ်သားသည့်ရုပ်ထွက်ဖြင့် ဂိမ်းတွေကို ဆော့ကစားနိုင်စေမှာပါ။
ဂိမ်းအတွင်းမှာ စိတ်နှစ်မြုပ်နေမှုကို ဖျက်စီးပစ်နိုင်တာက Stuttering နှင့် Tearing လိုမျိုး ပြဿနာတွေပဲဖြစ်ပါသည်။ GPU တွေဟာ Frame တွေကို မတူညီသည့်နှုန်းတွေဖြင့် Render ပြုလုပ်နေပေမယ့် Display တွေဟာ ပုံမှန်အနေဖြင့် တူညီသည့် Clip တစ်ခုမှာပဲ Refresh ပြုလုပ်တာဖြစ်ပါသည်။ ဒါဟာ Sync မဖြစ်စေတော့ဘဲ သင့်ကို ဆော့ကစားနေတဲ့အချိန်မှာ စိတ်ပျက်သွားစေသည့် မြင်တွေ့နိုင်သည့် Hitching တွေနှင့် Artifact တွေကိုထွက်ပေါ်လာစေပါသည်။ Adaptive Sync နည်းပညာဟာ Display ၏ Refresh Rate ကို GPU ၏ Frame Rate ဖြင့် Sync ပြုလုပ်ပေးနိုင်သည့်အတွက် Visual Tearing ဖြစ်မှုကို ဖယ်ရှားပေးပြီး Stuttering နှင့် Input Lag တွေကို လျော့နည်းစေပါသည်။ ဒါကြောင့် ယခင်ကနေမတူညီတဲ့ ရုပ်ထွက်ကောင်းမွန်ပြီး သဘာဝဆန်သည့် Gameplay တွေကို အခုပဲ ခံစားနိုင်ပါပြီ။
Dolby Atmos နည်းပညာဖြင့် မောင်းနှင်သည့် Speaker ၆ လုံးဟာ သင့်ကို ဖြစ်ပျက်နေမှုအားလုံးရဲ့ အလယ်ဗဟိုချက်မှာ ရောက်ရှိနေစေမှာဖြစ်ပါသည်။ အရှေ့ဘက်ကို မျက်နှာမူထားသည့် Twin Tweeter တွေဟာ ကျယ်လောင်သည့်အသံတွေအတွက် သင့်ကို တိုက်ရိုက်အသံထုတ်လွှတ်ပေးမှာဖြစ်ပြီး လက်တင်သည့်အောက်ခြေမှ Force-canceling Woofer တစ်စုံဟာ အသံထွက်ကို မျှတစေပြီး မလိုအပ်သည့် တုန်ခါမှုတွေကို လျော့ချပေးနိုင်ပါသည်။ ပါတီတွေနှင့် Event တွေမှာ အသံကို အဆုံးအထိတင်လိုက်ပြီး ကျယ်လောင်ပြီး Dynamic ဖြစ်သည့်အသံထွက်ကို ခံစားလိုက်ပါ။
Woofer တွေဟာ Bass ကို သတ်မှတ်ပေးနိုင်သည့် Low Frequency တွေကို ထုတ်ပေးပြီး သင့်ရဲ့ Audio ကို ပိုမိုကျယ်ပြန့်ကောင်းမွန်ပြီး Dynamic ဖြစ်သည့် Soundscape တစ်ခုကို ဖန်တီးနိုင်ဖို့ ကူညီပေးနိုင်ပါသည်။ Low Frequency မှာရှိသည့် အသံတွေဟာ ပုံမှန်အားဖြင့် ပိုမိုအားကောင်းပြီး သိသာသည့် Vibration တွေကို ထုတ်ပေးနိုင်ပါသည်။ ဒါကြောင့် သေးငယ်သည့် ကိုယ်ထည်အတွင်းမှာ တုန်ခါမှုကို လျော့ချနိုင်ဖို့အတွက် Zephyrus G15 ဟာ အနည်းငယ် နေရာကို မတူညီအောင်ထားရှိထားသည့် Woofer တစ်စုံကို ထည့်သွင်းထားပြီး တစ်ခုစီရဲ့ တုန်ခါမှုတွေကို အချင်းချင်း ချေဖျက်နိုင်စေပါသည်။
သင့်အနေနှင့် Headphones သို့မဟုတ် Speaker တွေကို အသုံးပြုနေသည့်အချိန်မှာ Dolby Atmos နည်းပညာဟာ ပိုမိုတိကျပြီး Layer ခွဲခြားထားသည့် Virtual Surround Sound Effect တွေဖြင့် Spatial Immersive ကို အဆင့်မြှင့်တင်ပေးနိုင်မှာဖြစ်ပါသည်။ အဆိုပါ Sound Effect တွေကို ရုပ်ရှင်နှင့် ဂိမ်းတွေအတွက် သီးသန့် Optimized ပြုလုပ်ထားသည့် Preset Mode တွေဖြင့်လည်း အသုံးပြုနားဆင်နိုင်ပါသည်။
Built-in Headset Amp ဖြင့် ပိုမိုကျယ်လောင်ပြီး ပိုမို Immersive ဖြစ်သည့် Audio ကို ခံစားလိုက်ပါ။ Smart Audio Amplifier ဟာ ချိတ်ဆက်ထားသည့် Headset တွေ၏ Impedance ကို သိရှိပြီး အကောင်းဆုံးသော အသံထွက်ရရှိစေဖို့အတွက် Setting တွေကို ချိန်ညှိပေးမှာဖြစ်ပါသည်။ မြင့်မားသည့် Signal-to-noise Ratio ဟာ အသံကြည်လင်မှုကို တိုးတက်စေပြီး Gamer တွေအနေနှင့် ရန်သူလှုပ်ရှားသံတွေကို ပတ်ဝန်းကျင်အသံတွေကနေ ပိုပြီး လွယ်ကူစွာခွဲခြားနိုင်မှာဖြစ်ပါသည်။ ပုံမှန်ထက် ၁.၅ ဆ ပိုမိုကြည်လင်သည့်အသံထွက်ကြောင့် အတိုးဆုံးသောခြေသံတွေကိုလည်း အဝေးကနေ သိရှိနိုင်ပြီဖြစ်ပါသည်။
အဆင့်မြှင့်ထားသည့် Audio Input တွေဟာ သင့်၏ Stream တွေနှင့် Voice Chat တွေကို ပိုပြီး ကြည်လင်ပြတ်သားစေမှာဖြစ်ပါသည်။ Two-Way AI Noise Cancelation ဟာ Upstream နှင့် Downstream Audio တွေကို ကြည်လင်စေပြီး စကားပြောဆိုဆက်သွယ်မှုတွေကို ပိုကြည်လင်ပြတ်သားစေဖို့အတွက် မလိုလားအပ်သည့်ဆူညံသံတွေကို ဖယ်ရှားပေးပါသည်။ 3D Mic Array ဟာ သီချင်းသံတွေကို ဖမ်းယူဖို့ပဲဖြစ်ဖြစ်၊ Conference Call ပြောဆိုမှုတွေအတွက်ပဲဖြစ်ဖြစ် အခြေအနေပေါ်မှုတည်ပြီး Optimized ပြုလုပ်ထားသည့်အတွက် ကျယ်ပြန့်စွာအသံဖမ်းယူနိုင်မှာဖြစ်ပါသည်။
Choose Your Mode with 3D Mic Array
Cardioid Mode
Stereo Mode
Omnidirectional
Mode
အဆင့်မြင့် Two-Way AI Noise Cancelation ဟာ မည်သည့် Input Device မဆို အလုပ်လုပ်နိုင်သလို Downstream Connection တွေမှာလည်း အလုပ်လုပ်နိုင်မှာဖြစ်ပြီး သင့်ရဲ့ Mic Input နှင့် ဝင်ရောက်လာသည့်အသံတွေက မလိုအပ်သည့် ဆူညံသံတွေကိုဖယ်ရှားပေးနိုင်မှာဖြစ်ပါသည်။ CPU အပေါ်မှာ မောင်းနှင်တာကြောင့် GPU ကို Gaming Performance အတွက်ပဲ သီးသန့်အနေနဲ့ အမြင့်ဆုံးစွမ်းဆောင်နိုင်စေမှာဖြစ်ပါသည်။ Noise-canceling Setting တွေကို Program တစ်ခုချင်းစီအလိုက် Audio Setting တွေကို ပြင်ဆင်ထားနိုင်ပြီး တချို့သော App တွေကို Filter ပြုလုပ်ထားနိုင်တာကြောင့် Game Audio ကို ထိစရာမလိုအပ်ဘဲ ကြည်လင်ပြတ်သားသည့် Voice Chat တွေကို ပြုလုပ်နိုင်စေမှာဖြစ်ပါသည်။
ပါဝင်ပြီးသားဖြစ်သည့် Microphone Array အတွက် Mode ၃ မျိုး ရွေးချယ်နိုင်တာကြောင့် သင့်ကို သင့်အသံအပေါ်မှာ ပိုပြီး ထိန်းချုပ်နိုင်စေပါသည်။ Cardioid Mode ဟာ Laptop ရဲ့ အရှေ့ဘက်တည့်တည့်က အသံကိုပဲ ဖမ်းယူမှာဖြစ်ပြီး အနောက်ဖက်က အသံကိုလျော့ချပေးနိုင်တာကြောင့် Streaming နှင့် Gaming အတွက် သင့်တော်မှာဖြစ်ပါသည်။ Stereo Mode ဟာ Right Channel နှင့် Left Channel ၂ ခုစလုံးမှ Record ပြုလုပ်ပြီး Live Music သို့မဟုတ် တခြားသော Immersive ဖြစ်သည့်အတွေ့အကြုံတွေအတွက် အသုံးပြုနိုင်ပါသည်။ Omnidirectional Mode ဟာ ဘက်ပေါင်းစုံမှအသံကို ဖမ်းယူနိုင်တာကြောင့် Group Conference Call တွေမှာ ကြည်လင်သည့်အသံကို ကြားနိုင်စေမှာပါ။
နေရာတိုင်းမှာ လွတ်လပ်စွာအလုပ်လုပ်နိုင်စေဖို့အတွက် စွမ်းဆောင်ရည်နှင့် ပေါ့ပါးမှုကို
ရယူလိုက်ပါ။ ပါဝင်ပြီးဖြစ်သည့် Webcam ဟာ သင့်ကို Video Call တွေကို
အလွယ်တကူချိတ်ဆက်နိုင်မှာဖြစ်သလို Windows Hello ဖြင့်လည်း စက်ကို Unlock
ပြုလုပ်နိုင်မှာဖြစ်ပါသည်။ High-capacity 90Wh Battery ဟာလည်း အားသွင်းပေါက်တွေမှာ
တပ်ထားရသည့်အချိန်လျော့နည်းသွားပြီး သင့်စိတ်ကြိုက်နေရာမှာ အသုံးပြုနိုင်စေမှာပါ။ Type-C
Charging ဟာ သက်တမ်းကို ပိုပြီး ကြာရှည်စေမှာဖြစ်ပြီး ဘယ်နေရာမဆို Productive
ဖြစ်နေစေမဖို့အတွက် Portable Power Pack တွေကနေတစ်ဆင့် အားသွင်းစေနိုင်မှာဖြစ်ပါသည်။
ပါဝင်ပြီးဖြစ်ပြီး အလွန်မြန်ဆန်သည့် Wi-Fi 6E ဟာလည်း Low Latency Connection တွေကို
လူထပ်ထပ်သည့် စာသင်ခန်းတွေနှင့် ကော်ဖီဆိုင်တွေလိုမျိုး နေရာတိုင်းမှာရရှိစေမှာဖြစ်ပါသည်။
*Fast Charging Technology is tested while the device is powered off with
the default adapter included with the device. Charging time may vary +/- 10% due to
System tolerance.
USB Power Delivery ဟာ Portable Power Pack တွေကို အသုံးပြုပြီး
အားသွင်းနိုင်စေမှာဖြစ်ပါသည်၊ ဒါကြောင့် သင့်အနေနဲ့ Battery ကုန်ခါနီးအခြေအနေတွေမှာ
အားသွင်းပေါက်ကို လုနေဖို့မလိုအပ်တော့ပါဘူး။ အားအပြည့်ကို Plug တပ်ပြီး
အားသွင်းမယ်ဆိုရင်လည်း Fast Charging ကို Reversible အနေနဲ့ ထုတ်ပေးနိုင်တာကြောင့်
စမတ်ဖုန်းနှင့် တခြားသော Device တွေအတွက် အမြင့်ဆုံး 3A Fast Charging
အထိရရှိနိုင်စေမှာပါ။ တကယ်လို့ သင်ဟာ CPU သို့မဟုတ် Discrete GPU ကို
ကြီးမားသည့်လုပ်ငန်းတွေဖြင့် ဝန်ပိအောင် မခိုင်းစေနေဘူးဆိုရင် သင့်အနေနဲ့
သေးငယ်သည့် အမြင့် 100W Adapter ကို အသုံးပြုပြီး လမ်းမှာသယ်သွားရသည့် အလေးချိန်ကို
လျော့နည်းစေနိုင်ပါသည်။
* USB power pack and Type-C adapter sold separately.
* 100W Type-C adapter available as a bundled accessory in select
regions.
အလွန်မြန်ဆန်သည့် WiFi 6E (802.11ax) ဟာ သင့်ကို သင့်တော်သည့် Connection
တွေရရှိနိုင်သည့်အချိန်မှာ LAN Speed ဖြင့် ယုံကြည်စိတ်ချရစွာ
ဂိမ်းဆော့ကစားနိုင်စေမှာပါ။ Network ချိတ်ဆက်မှုတွေဟာ ပိုမိုမြန်ဆန်ပြီး ပိုပြီး
ပါဝါစားသုံးမှုသက်သာစေမှာဖြစ်ပါတယ်၊ အထူးသဖြင့် အသုံးပြုသူများပြားသည့်
လူနေထူထပ်သည့်နေရာတွေမှာ အသုံးဝင်မှာဖြစ်ပါသည်။ WiFi 6E ဟာ အဆင့်မြှင့်တင်ထားသည့်
Target Wake Time Mechanism ပါဝင်လာပြီး Battery Life ကို
ပိုတိုးမြှင့်ပေးနိုင်သလို WPA3 Security Standard အသစ်ကလည်း Wireless Network
တွေရဲ့ လုံခြုံရေးကို တိုးမြှင့်နိုင်မှာဖြစ်ပါသည်။
Zephyrus G15 အား ROG Wi-Fi 6E Router ဖြင့် ချိတ်ဆက်ပြီး Wi-Fi 6E ၏ Network
ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်စွမ်းကို အပြည့်အဝခံစားလိုက်ပါ။
*Unless otherwise stated, claimed Wi-Fi speeds are based on
theoretical performance. Actual performance may vary in real-world
situations.
*Find out more about ROG gaming routers.
2022 Zephyrus G15 ဟာ Video Conferencing တွေအတွက် IR Camera ပါဝင်ပြီး Windows Hello ကို ထောက်ပံ့ထားတာကြောင့် စက်ကို လွယ်ကူလုံခြုံစွာ Unlock ပြုလုပ်နိုင်စေမှာဖြစ်ပါသည်။ 2DNR နှင့် 3DNR Image Processing နည်းပညာတွေကို ပေါင်းစပ်အသုံးပြုထားပြီး သင့်ကို အလင်းရောင်နည်းပါးသည့်အခြေအနေတွေမှာ ကြည်လင်ပြတ်သားစွာ မြင်နိုင်မှာပါ။
Desktop ပုံစံကို မှီငြမ်းထားသည့် Layout ကို အသုံးပြုထားသည့်အတွက် Keyboard ဟာ Gamer တွေအတွက် လုံးဝကို အိမ်မှာဆော့ကစားရသည့်အတိုင်း ခံစားရစေမှာပါ။ လွယ်ကူစွာခွဲခြားနိုင်စေဖို့အတွက် သီးသန့် Function Block တွေပါဝင်မှာဖြစ်ပြီး အသံအတိုးအကျယ်၊ Microphone Mute နှင့် ROG Armoury Crate Software တွေကို လွယ်ကူစွာခိုင်းစေနိုင်မည့် သီးသန့် Hot Keys တွေလည်း ပါဝင်မှာဖြစ်ပါသည်။ N-key Rollover ကလည်း နှိပ်လိုက်သည့်အချက်တိုင်းဟာ Register ပြုလုပ်ဖို့ကို အာမခံပေးနိုင်ပြီး စိတ်ကြိုက်ခိုင်းစေနိုင်မှာဖြစ်ပါသည်။ Keys တွေဟာလည်း အလွန်အကြမ်းခံပြီး အကြိမ်ရေ သန်း ၂၀ အထိ ရိုက်နှိပ်မှုတွေကို ခံနိုင်ရည်ရှိမှာပါ။
Keyboard ၏ အပေါ်ဘက်မှာ သီးသန့်ထည့်သွင်းထားသည့် Gaming Hotkeys ၄ ခုဟာ သင့်ကို အသံအတိုးအကျယ်၊ Mic Mute Control နှင့် Armoury Crate အတွက် လွယ်ကူမြန်ဆန်စွာဆောင်ရွက်နိုင်စေမှာဖြစ်ပါသည်။ အဆိုပါ Hotkeys တွေဟာ အပေါ်ဘက် ဘယ်ဘက်ခြမ်းမှာ ထည့်သွင်းထားတာကြောင့် သင့်အနေနဲ့ Tab ပြောင်းလဲစရာ သို့မဟုတ် ညာဘက်လက်ကို Mouse ကနေလွှတ်ပြီး အသုံးပြုစရာမလိုဘဲ နှိပ်နိုင်မှာဖြစ်ပါသည်။ သင့်ရဲ့ အဖွဲ့နှင့် နည်းစနစ်တွေတိုင်ပင်ဖို့ Mic ဖွင့်တာပဲဖြစ်ဖြစ်၊ ရန်သူ၏ လှုပ်ရှားမှုတွေကို ကြားနိုင်ဖို့အတွက် အသံကို ကျယ်တာပဲဖြစ်ဖြစ် ဂိမ်းအတွင်းမှာ အာရုံစိုက်မှုလျော့သွားခြင်းမရှိဘဲ ဆောင်ရွက်နိုင်စေမှာဖြစ်ပါသည်။
ROG Overstroke နည်းပညာဟာ Keystroke တစ်ခုကို ပိုမိုမြင့်မားစွာ Trigger ပြုလုပ်နိုင်သည့်အတွက် Gaming Experience ကို ပိုပြီး မြန်ဆန်သွက်လက်နေစေမှာဖြစ်ပါသည်။ ဖိနှိပ်မှုကို ပိုပြီး စောနိုင်စေသည့်အတွက် သင့်ရဲ့ တိကျမှုကိုပါ တိုးတက်စေပြီး စာရိုက်သည့်အချိန်မှာ ပိုမိုမြန်ဆန်ပြီး လက်ကို သက်သာစေမှာပါ။ တစ်ဖက်မှာလည်း 1.7mm Travel Distance က စာရိုက်သည့်အချိန်တွေမှာ သက်သောင့်သက်သာဖြစ်သည့် ခံစားမှုကို ရရှိစေမှာဖြစ်ပါသည်။
များပြားသည့် I/O Port တွေဟာ သင့် Setup ကို On the Go အသုံးပြုမှုတွေမှာ အဆင့်မြှင့်တင်ပေးနိုင်မှာဖြစ်ပါသည်။ DisplayPort 1.4 ပါဝင်သည့် USB-C Port ကနေတစ်ဆင့် ဒုတိယမြောက် Display ကို ချိတ်ဆက်ပြီး ပိုပြီး သက်သောင့်သက်သာ Multitask ပြုလုပ်လိုက်ပါ။ HDMI 2.0b ဖြင့် ကြီးမားသည့် Screen သို့မဟုတ် Projector ကိုချိတ်ဆက်ပြီး 4K UHD ရုပ်ရှင်တွေကို ကြည့်ရှုလိုက်ပါ။ သင့် Mouse ၊ Gamepad ၊ Drawing Tablet နှင့် တခြားသော Peripheral တွေကို ချိတ်ဆက်ပြီး ဘယ်နေရာမဆို ဆော့ကစား၊ Creative အလုပ်တွေကို ပြုလုပ်လိုက်ပါ။ သင့် Storage ကိုလည်း မြန်ဆန်သည့် micro SD Slot ဖြင့် တိုးချဲ့လိုက်ပါ။ 3.5mm Headset Jack ပါဝင်ပြီးဖြစ်တာကြောင့် Dongle တွေကိုလည်း လိုအပ်မှာမဟုတ်တော့ပါဘူး။
ROG Armoury Crate ဟာ သင့်လက်ချောင်းတွေကနေ Utility တစ်ခုတည်းကို အသုံးပြုပြီး System နှင့် Lighting ထိန်းချုပ်မှုတွေကို ခိုင်းစေနိုင်မှာဖြစ်ပါသည်။ သင့်အနေနဲ့ သင့်အကြိုက်ဆုံး Title Game ကို ဖွင့်လိုက်တာနှင့် ချိန်ညှိမှုတွေကို အလိုအလျောက်ပြုလုပ်ပေးမည့် Scenario Profiles တွေကိုလည်း အလွယ်တကူသတ်မှတ်ထားနိုင်မှာပါ။
ယခုစက်နှင့်အတွက် PC ဂိမ်းပေါင်း ၁၀၀ ကျော်ပါဝင်မှာဖြစ်ပါသည်၊ Microsoft Flight
Simulator လိုမျိုး ဂိမ်းအသစ်တွေ၊ Minecraft Dungeons နှင့် Gear Tactics လိုမျိုး
Blockbuster ဂိမ်းတွေနှင့် ကောင်းမွန်သည့်ဝေဖန်မှုတွေရရှိထားသည့် Indie Game တွေကို
အခုပဲ Download ပြုလုပ်ပြီး ဆော့ကစားလိုက်ပါ။ ကန့်သတ်ချက်များပါဝင်ပါသည်။
*Activation required. Credit card required. Unless you cancel, you will be
charged the current subscription rate when your trial ends. Game catalog varies
over time (xbox.com/gamepass). A conversion ratio applies for Xbox Game Pass
Ultimate users. Limit: 1 per person/account.
ROG GameVisual Software ဟာ သီးသန့် Game Genre တစ်မျိုးစီအတွက် Optimized ပြုလုပ်ထားသည့် Graphic Mode ၆ မျိုးကို အသုံးပြုနိုင်စေမှာဖြစ်ပါသည်။ First Person Shooter (FPS) Mode ဟာ ဥပမာအားဖြင့် အလွန်မှောင်မဲနေသည့်နေရာတွေကို ပိုလင်းစေမှာဖြစ်ပြီး သင့်ကို အရိပ်ထဲမှာရှိသည့်ရန်သူတွေကို သိရှိစေနိုင်ပါသည်။ သင့် Library ထဲမှာရှိသည့် ဂိမ်းတွေကို အကောင်းဆုံးဆော့ကစားနိုင်ဖို့ GameVisual ကို အသုံးပြုလိုက်ပါ။
အလိုအလျောက် Silent ၊ Performance နှင့် Turbo Mode တွေကို ပြောင်းလဲမှုတွေဟာ Scenario Profiles ရဲ့ အစပဲရှိပါသေးသည်။ သင့်အနေနဲ့ Application အလိုက် ပြောင်းလဲနိုင်သလို အရေးပါသည့် Lighting Configuration လိုမျိုး System Setting တွေကိုလည်း သတ်မှတ်ထားနိုင်မှာဖြစ်ပါသည်။ Windows Key နှင့် Touchpad တွေကို Enable ပြုလုပ်ဖို့၊ GameFirst VI နှင့် Sonic Studio III မှာ ဘယ် Profile တွေကို သုံးမလဲဆိုတာကိုပါ သတ်မှတ်ထားနိုင်ပါသည်။ Armoury Crate ဟာ သင့်ကို သင့်အလိုရှိသည့်အတိုင်း Profile တစ်ခုချင်းစီကို သင်သုံးနေတဲ့အပေါ်လိုက်ပြီး အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးမှာဖြစ်ပါသည်။
သင့်ဂိမ်းတွေကို အနှောင့်အယှက်မဖြစ်စေဘဲ သင့် Setting တွေကို ဝင်ရောက်နိုင်ဖို့အတွက် Android သို့မဟုတ် iOS အတွက် Armoury Crate Mobile App ကို အခမဲ့ရယူလိုက်ပါ။ Google Play™ နှင့် App Store မှာ အခုအချိန်ကစတင်ပြီး ရရှိနိုင်ပါပြီ။
ROG Accessories တွေနှင့် စတိုင်လ်ကျကျ ဂိမ်းဆော့လိုက်ပါ။ တိကျစွာ Navigate ပြုလုပ်နိုင်ဖို့အတွက်
ROG Chakram Core Mouse ရှိနေသလို ROG Delta Gaming Headset ဖြင့် သဘာဝအတိုင်းအသံတွေကို
အပြည့်အဝနှစ်မျောလိုက်ပါ။ အပြင်သွားသည့်အချိန်မှာလည်း 100W PD Charger ကိုအသုံးပြုပြီး
အားသွင်းလိုက်ပါ။ အခုပစ္စည်းတွေအကုန်လုံးကို အကြမ်းခံနိုင်ပြီး RGB Accent အရောင်တွေပါဝင်သည့် 15”
ROG Ranger Backpack ဖြင့် သယ်ဆောင်သွားလိုက်ပါ။
*Bundled peripherals may vary by region. Please check with local vendors for
exact offers.
The Zephyrus G15 combines gaming and content creation, a person looking for both in one machine can definitely check this out.
Best Gaming Laptop Money Can Buy!
ROG Zephyrus G15 is a Compact & Powerful Gaming Laptop by ASUS
2022 ROG Zephyrus G15 - For every usage
2022 ASUS ROG Zephyrus G15 Review - My Experience!
Asus Zephyrus G15 2022 Review | Mid-level gaming laptop of the year?
The Best Gaming Laptop Was Dethroned!
Unboxing the ROG Zephyrus G15 (2022) | ROG
Product added to comparison. Add up to 4 products or proceed to view compare products selected.