ASUS ဘက်ထရီသတင်းအချက်အလက်စင်တာ

ဘက်ထရီတုံး၏ ၀န်ဆောင်မှုသက်တမ်းမှာ ပတ်၀န်းကျင်အပူချိန်၊ စိုထိုင်းမှုပမာဏနှင့် နုတ်ဘွတ်ပီစီ အသုံးပြုမှုတို့အပေါ် မူတည်ပါသည်။

ဘက်ထရီသက်တမ်းနှင့် အသုံးပြုနိုင်မှုအပတ်ရေ

icon
  1. ဘက်ထရီအားအသုံးပြုမှုနှင့် အသုံးပြုနိုင်သောအပတ်ရေစွမ်းဆောင်မှုလျော့နည်းခြင်း တို့ကို နှိုင်းယှဉ်ပါက အလျား လိုက် မျဉ်းကွေးအတိုင်း တွေ့ရှိနိုင်ပါသည်။ 
  2. Lithium-ion (Li-ion) ဘက်ထရီများတွင် ပုံမှန်အားဖြင့် ဘက်ထရီအသုံးပြုမှုအပတ်ရေ ၃၀၀ နှင့် ၅၀၀ အကြားရှိသော သက်တမ်းတစ်ရပ် ရှိပါသည်။ ပုံမှန်အတိုင်း အသင့်အတင့်သာ အသုံးပြုမည်ဆိုပါက Lithium-ion ဘက်ထရီများအား အပတ်ရေ ၃၀၀ သို့မဟုတ် တစ်နှစ်ခန့်မျှ အသုံးပြုပြီးနောက်တွင် ယင်းတို့မူလစွမ်းရည်၏ ၈၀ ရာနှုန်းခန့်အား ပေးစွမ်းနိုင်မည်ဟု မျှော်လင့်ပါသည်။A higher or lower ambient temperature during operation can result in a 70% or more loss of capacity given the same number of cycles.
  3. ဖွင့်လှစ်အသုံးပြုနေစဉ်ရှိနေသည့် မြင့်မားသော သို့မဟုတ် နိမ့်ပါးသော ပတ်၀န်းကျင်အပူချိန်ကြောင့် ပေးထားသော ဘက်ထရီအသုံးပြုနိုင်မှုအကြိမ်ရေထက် ၇၀ ရာနှုန်း သို့မဟုတ် ၇၀ ရာနှုန်းကျော်အထိ ဆုံးရှုံးနိုင်ပါသည်။
  4. ဘက်ထရီ၀န်ဆောင်မှုသက်တမ်းအပေါ်တွင် အကျိုးသက်ရောက်နိုင်သည့် အခြားသောအကြောင်းတရားများမှာ စနစ်ပိုင်းဆိုင်ရာဒီဇိုင်း၊ နှုတ်ဘွတ်မော်ဒယ်နှင့် ဖွင့်လှစ်အသုံးပြုရေးစနစ်စွမ်းအင်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု အပြင်အဆင်များပင် ဖြစ်ကြသည်။ ပတ်၀န်းကျင်အပူချိန်သာမက ဘက်ထရီအားအပြည့်အ၀အားကုန်စေသည့် အကြိမ်အရေအတွက်နှင့် ပြန်လည်အားသွင်းသည့်အကြိမ်အရေအတွက်တို့မှာလည်း ဘက်ထရီစွမ်းဆောင်မှုအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။
  5. နုတ်ဘွတ်ကွန်ပျူတာတစ်လုံးပေါ်ရှိ ထက်ထရီအားသွင်းမှုရပ်ဆိုင်းသောနှုန်းထားအား စွမ်းအင်စီမံခန့်ခွဲမှုအပြင်အဆင်များနှင့် အသုံးပြုနေသော အပလီကေးရှင်းအမျိုးအစားများအပေါ်တွင်မူတည်ကာ တိုက်ရိုက်သက်ရောက်မှု ရှိနိုင်ပါသည်။ ဥပမာ - ဂရစ်ဖစ်များနှင့် သုံးဖက်မြင်ပုံရိပ်များ၊ ဂိမ်းကစားခြင်းနှင့် ဗီဒီယိုဖွင့်လှစ်မှုတို့အတွက် ပရိုဆက်ဆာအပေါ် အလွန်အမင်းအားကိုးရသည့် အပလီကေးရှင်းများမှာ ပုံမှန်ဒက်စတော့ အပလီကေးရှင်းများထက် စွမ်းအိုပိုမိုသုံးစွဲလေ့ရှိပါသည်။

ဘက်ထရီထိန်းသိမ်းရေး

icon
1. ၁. နုတ်ဘွတ်အား ရက်သတ္တပတ်နှစ်ပတ်မက အသုံးပြုတော့မည့် အချိန်တွင် နုတ်ဘွတ်ဘက်ထရီကို ဖယ်ရှားကာ အားသွင်းကြိုး ကိုလည်း ဖြုတ်ထားပါ။ ဘက်ထရီတုံးမှာ အချိန်ပိုမို ကြာမြင့်စွာ ဓာတ်အားသိမ်းဆည်းထားမည် ဖြစ်သောကြောင့် ဘက်ထရီအသုံးပြုမှုအပတ်ရေ စွမ်းဆောင်မှုမြှင့်တင်ရန် သုံးလတစ်ကြိမ် အားသွင်းပေးရမည်ဖြစ်သည်။ သို့မဟုတ်ပါက အနာဂတ်ကာလတွင် ဓာတ်အားခံရန် သို့မဟုတ် အားသွင်းရန် အခက်အခဲတွေ့နိုင်ဖွယ် ရှိပါသည်။ 2. ၂. ဘက်ထရီအား အပူချိန် ၁၀℃ နှင့် ၃၀℃ အကြား တွင် သိမ်းဆည်း ထားသင့်ပါသည်။ နုတ်ဘွတ်ပီစီ၏ အတွင်းပိုင်း အပူချိန်မှာ ပြင်ပအပူချိန်ထက် ပိုမိုမြင့်မားသည် ဆိုသည်အား ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ဤအပိုင်းအခြားအောက်တွင် ရှိသော အပူချိန် များသည် ဘက်ထရီစွမ်းဆောင်ရည်အား ထိခိုက်စေလိမ့်မည်။ ပိုမိုမြင့်မားသောအပူချိန်တစ်ခု၌ ဘက်ထရီအသုံးပြုခြင်းသည် ဘက်ထရီတစ်လုံးပေါက်ကွဲနိုင်သော အန္တရာယ်ကို မြှင့်တင်ပေးသည်။
3. ၃. ပုံမှန်အားဖြင့် ဘက်ထရီတစ်လုံး၏ ဓာတ်အားလည်ပတ်မှုအပတ်ရည် ခံနိုင်မှုမှာ ပုံမှန်အခြေအနေများအတိုင်း လည်ပတ်အသုံးပြုသည်ဆိုပါက ၃၀၀ နှင့် ၅၀၀ အကြားတွင်ရှိပါသည်။ နုတ်ဘွတ်ပီစီအား ပိုမိုမြင့်မားသော သို့မဟုတ် နိမ့်ပါးသော ပြင်ပအပူချိန်အတွင်းတွင် အသုံးပြုခြင်းသည် ဘက်ထရီ၀န်ဆောင်မှုသက်တမ်း အပတ်ရေ စုစုပေါင်းအပေါ် ထိခိုက်စေပါသည်။ 4. ၄. ဘက်ထရီအား စိုစွတ်သော သို့မဟုတ် အေးမြသော ပတ်၀န်းကျင်တွင် သိမ်းဆည်းမထားပါနှင့်။ စိုစွတ်သော သို့မဟုတ် အေးမြသော ပတ်၀န်းကျင်သည် ဓာတ်အားကုန်ဆုံးမှုနှုန်းအား မြှင့်တင်ပေးဖွယ်ရှိပါသည်။ ဘက်ထရီအတွင်းမှ ဓာတု ဓာတ်ပစ္စည်းများမှာ နိမ့်ပါးသောအပူချိန်အတွင်းတွင် ရှိနေသည့်အခါ အာနိသင်ပြယ်သွားဖွယ်ရှိပါသည်။ တစ်ဖက်တွင်လည်း အလွန်အမင်း မြင့်မားသောအပူချိန်တစ်ရပ်တွင် ထားရှိခြင်းက ပေါက်ကွဲနိုင်ချေရှိသော အန္တရာယ်ကို ပေါ်ပေါက်စေပါသည်။
5. ၅. အားသွင်းကြိုးတပ်ဆင်ခြင်းနှင့် ဖြုတ်ခြင်းများကို မကြာခဏပြုလုပ်ခြင်းအား ရှောင်ကြဉ်ပါ။ ဘက်ထရီသက်တမ်း တိုးမြှင့်ရန်အတွက်ဖြစ်ပါသည်။ 6. ၆. အပူ/အအေးပေးစက်၊ မီးဖို၊ လျှပ်စစ်မီးဖို သို့မဟုတ် အပူရှိသောနေရာတစ်နေရာရာတွင် နုတ်ဘွတ် သို့မဟုတ် ဘက်ထရီတုံးအား မထားပါနှင့်။ ၆၀ ℃ (၁၄၀ ℉) ထက် ကျော်လွန်သော အပူချိန်သည် ဘက်ထရီတုံးအား ပေါက်ကွဲစေခြင်း၊ အက်စစ်များ စိမ့်ကျခြင်း သို့မဟုတ် မီးလောင်းခြင်းများကို ပေါ်ပေါက်စေဖွယ်ရှိပါသည်။

ဘက်ထရီသက်တမ်းတိုးမြှင့်ခြင်း

icon
  1. 1. ASUS Power4Gear (Super Hybrid Engine) မှ အခြေအနေအမျိုးမျိုးအတွက် စွမ်းအင်စီမံခန့်ခွဲရေး အနေအထားလေးမျိုးကို ဖော်ဆောင်ပေးပါသည်။ သင့်စနစ်မှ DC အနေအထားသို့ ရောက်ရှိသွားသောအခါ ASUS Power4Gear မှ ဘက်ထရီသက်တမ်း တိုးမြှင့်ရန်အတွက် ဘက်ထရီအားချွေတာသောအနေအထားသို့ အလိုအလျောက် ပြောင်းလဲပေးပေလိမ့်မည်။

    သင့်အနေဖြင့် အောက်ဖော်ပြပါလုပ်ဆောင်ချက်များကိုလည်း ဆောင်ရွက်နိုင်ပါသည် -

    • ဖန်သားမျက်နှာပြင်တောက်ပမှုအား မှေးမှိန်စေခြင်း
    • ရွှေ့လျားဘားကို "အမြင့်ဆုံးပရိုဆက်ဆာအနေအထား" နှင့် "အနိမ့်ဆုံးပရိုဆက်ဆာအနေအထား" သို့ အရွှေ့အပြောင်း လုပ်ပေးခြင်းအားဖြင့် ပရိုဆက်ဆာ (စီပီယူ) ၏ စွမ်းဆောင်မှုအား ကန့်သတ်နိုင်ပါသည်။ ပရိုဆက်ဆာ လှုပ်ရှားမှုကို လျော့ချခြင်းသည် စွမ်းအင်သုံးစွဲမှုကိုလည်း လျော့ချပေးနိုင်ပါသည်။ *
    • စက်ပစ္စည်း/ကိုယ်ထည်အစိတ်အပိုင်းများအား အသုံးမပြုသည့်အချိန်တွင် ပိတ်ထားပေးခြင်း
    • စွမ်းအင်ချွေတာသောအပြင်အဆင်အား အလိုအလျောက် ဖွင့်ပေးခြင်း။ စွမ်းအားသုံးစွဲမှုကိုလျော့ချရန်အတွက် (ဖန်သားမျက်နှာပြင် တောက်ပမှုကို မှေးမှိန်စေခြင်း၊ ဖန်သားမျက်နှာပြင်ကို ပိတ်ပင်ခြင်း၊ အိပ်စက်သော အနေအထားတွင် ထားရှိခြင်း)

    ပရိုဆက်ဆာအခြေအနေအား ပြောင်းလဲခြင်းသည် စနစ်ပိုင်းဆိုင်ရာစွမ်းဆောင်မှုအပေါ် ထိခိုက်စေပါလိမ့်မည်။ စွမ်းအင် အနေအထား တစ်ခုခြင်းစီအတွက် မူလနေရာသို့ အလိုအလျောက် ပြန်သွားသောရွေးချယ်မှု (default) တွင် ထားရှိသင့်သည်ဟု ASUS မှ အကြံပြုအပ်ပါသည်။

  2. 2. ၀ိုင်ယာလက်ကိရိယာများပိတ်ပင်ခြင်း (Fn + F2)
    သင်သည် မိုက်ကရိုဆော့ဖ်သုံးစွဲခြင်းကဲ့သို့သော အင်တာနက်အသုံးပြုရန်မလိုအပ်သည့် အပလီကေးရှင်းများကိုသာ အသုံးပြုနေခြင်းဖြစ်ပါက သင်၏ ၀ိုင်ယာလက်ကွန်ယက်ကိရိယာ၊ ဘလူးတူ့ သို့မဟုတ် သရီးဂျီကတ်တို့ကို ပိတ်ထားနိုင်သည်။ စွမ်းအင်သုံးစွဲမှု ချွေတာရန်အတွက် ဖြစ်ပါသည်။
  3. 3. အခြားအပလီကေးရှင်းများနှင့် တွဲဖက်ပစ္စည်းများကို ပိတ်ထားခြင်း
    သင့်အနေဖြင့် လက်ရှိအချိန်အတွင်းတွင် အသုံးမပြုသော အပလီကေးရှင်းများနှင့် တွဲဖက်ပစ္စည်းများအား ပိတ်ထားနိုင်ပါသည်။ မလိုအပ်သော အပလီကေးရှင်းများ သို့မဟုတ် တွဲဖက်ပစ္စည်းများအား ပိတ်ထားခြင်းသည် စွမ်းအင်သုံးစွဲမှုကို လျော့ချပေးနိုင်ပြီး ဘက်ထရီသက်တမ်းကိုလည်း တိုးမြှင့်ပေးနိုင်ပါသည်။

ASUS ဘက်ထရီအာမခံဖော်ပြချက် 

icon
  1. ASUS ဘက်ထရီအာမခံသည် အောက်ဖော်ပြပါစည်းကမ်းသတ်မှတ်ချက်များနှင့် အခြေအနေများတွင်သာ အကျုံး၀င်ပါသည်။
    • ဘက်ထရီမှာ အာမခံသက်တမ်းကာလအတွင်းတွင်ရှိနေပြီး နုတ်ဘွတ်အား ချက်ခြင်းဆိုသလို အဖွင့်/အပိတ် ဖြစ်စေခြင်း သို့မဟုတ် ပိတ်သွားစေခြင်း သို့မဟုတ် ပါ၀ါဖွင့်ခြင်းကို အဟန့်အတားဖြစ်စေခြင်းများ ကြုံတွေ့ရသောအခါ ASUS အနေဖြင့် ထိုသို့သော ချွတ်ယွင်းချက်များဖြစ်နေသည့် ဘက်ထရီအား အသစ်တစ်လုံးဖြင့် အစားထိုးလဲလှယ် ပေးပေလိမ့်မည်။
    • Asus ASUS အနေဖြင့် (က) ဘက်ထရီအားသွင်း၍မရခြင်း (ခ) နုတ်ဘွတ်မှ ဘက်ထရီကြိုးနှင့် ချိတ်ဆက်၍မရနိုင်ခြင်း (ဂ) ဘက်ထရီအား အစားထိုးလဲလှယ်ရန်အတွက် သင့်၀င်ဒိုးမှ စေ့ဆော်သတိပေးခြင်း (ဃ) ဘက်ထရီအားသွင်းမှု အခြေအနေပြနေရာမှ ပုံမှန်မဟုတ်ဘဲ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေခြင်းတို့ ကြုံတွေ့ရသောအခါ အသစ်လဲလှယ်ပေးမည်ဖြစ်ပါသည်။
  2. အကန့်အသတ်ရှိသောအာမခံ၀န်ဆောင်မှုမှ ခြွင်းချန်ချက်များ
    • အသုံးပြုမှုကြောင့် အချိန်ကြာမြင့်လာသောအခါတွင် ဘက်ထရီစွမ်းရည် ပုံမှန်ကျဆင်းသွားခြင်း။
    • ကျွန်ုပ်တို့ဘက်ထရီအား ခွင့်ပြုချက်မရသောပုဂ္ဂိုလ်တစ်ဦးဦးမှာ လက်ဆော့ခြင်း၊ ပြန်လည်ပြင်ဆင်ခြင်း နှင့်/သို့မဟုတ် ပြုပြင်ပြောင်းလဲခြင်း။
    • ၀ယ်ယူထားသောဘောင်ချာအား ထုတ်မပေးနိုင်ခြင်း သို့မဟုတ် အာမခံကတ်ပြား ဆုတ်ပြဲသွားခြင်း သို့မဟုတ် ယင်းအား ပြောင်းလဲထားခြင်း။ အကန့်အသတ်ရှိသော အာမခံကို ရရှိရန်အတွက် ကျေးဇူးပြု၍ သင့်ဘောင်ချာအား ထိန်သိမ်းထားပြီး ထုတ်ကုန်ပေါ်ရှိ အာမခံကတ်ပြားအား ဖယ်ရှားခြင်းမပြုပါနှင့်။
    • အီလက်ထရောနစ်အစိတ်အပိုင်းများပေါ်တွင် စိုစွတ်မှု သို့မဟုတ် အတွင်းပိုင်းစိမ့်ထွက်မှုကြောင့် ဓာတ်ပြုနေသေ သို့မဟုတ် သံချေးတက်နေသောအနေအထားများ ပေါ်ပေါက်နေခြင်း။
    • လွဲမှားစွာအသုံးပြုမှု သို့မဟုတ် နမော်နမဲ့အသုံးပြုမှု။

ASUS ဘက်ထရီအမျိုးအစား

icon
  1. Lithium-Ion ဘက်ထရီများ

    ဘက်ထရီများ (Li-Ion) အား လီသီယံသတ္ထု သို့မဟုတ် လီသီယံသတ္ထုစပ်နှင့် ရေစိုခံလျှပ်လိုက်ရည်တစ်ခုအပါအ၀င် အဖိုတိုင် တစ်ခုကို အသုံးပြုကာ ပြုလုပ်ထားခြင်းဖြစ်ပါသည်။ Lithium-Ion ဘက်ထရီများသည် မြင့်မားသောဗို့အား၊ ရှည်ကြာသော ဓာတ်အားအသုံးပြုမှု အပတ်ရည်နှင့် မြင့်မားသော အားသွင်းနှုန်းတို့ကို ပေးအပ်ထားပါသည်။ ယင်းတို့မှာ အလင်းတမျှ ပေါ့ပါးပြီး ညစ်ငြမ်းမှုလည်းမရှိပါ။ ထို့အပြင် အလုံအလောက်အားမသွင်းခြင်းကြောင့် မန်မိုရီအပေါ် ထိခိုက်စေမှုလည်း မရှိပါ။ ယင်းတို့အား လျင်မြန်စွာအားသွင်းနိုင်ပြီး မြင့်မားသော စွမ်းအင်သိုလှောင်မှုပမာဏတစ်ရပ်ကို ထိန်းသိမ်း ထားစဉ်တွင် စမတ်ဘတ်ထရီအားသွင်းကြိုးနှင့် အသုံးပြုနိုင်ပါသည်။ Lithium-Ion ဘက်ထရီများအား မိုဘိုင်းဖုန်းများနှင့် လက်ပ်တော့များကဲ့သို့သော ထုတ်ကုန်များအတွက်သာ အသုံးပြုလေ့ရှိပါသည်။

  2. လီသီယံပိုလီမာဘက်ထရီ

    လီသီယံပိုလီမာဘက်ထရီမှာ ဈေးကွက်အတွင်းတွင် အသုံးပြုမှုအများဆုံးသော ဘက်ထရီတစ်မျိုး ဖြစ်နေပါသည်။ ယင်းတို့၏ အားသာချက်များတွင် မြင့်မားသော စွမ်းအင်သိပ်သည်းဆနှင့် သေးငယ်ပါးလွှာပေါ့ပါးသော ဘက်ထရီတုံးတစ်မျိုး ဖြစ်နေခြင်းတို့ ပါ၀င်ပါသည်။ လီသီယံပိုလီမာဘက်ထရီအား ပုံသဏ္ဍာန်အမျိုးမျိုး၊ စွမ်းဆောင်မှုအမျိုးမျိုးအဖြစ် ပြုလုပ်နိုင်ပြီး ၀.၅ မီလီမီတာအထိ သေးငယ်နိုင်ပါသည်။ ယင်းတို့သည် အရွယ်အစားတူ လီသီယံယွန်ဘက်ထရီ၏ စွမ်းအင် သိုလှောင်မှုပမာဏထက် နှစ်ဆမျှ ပိုမိုထုတ်ပေးနိုင်ပါသည်။ လီသီယံပိုလီမာဘက်ထရီများအား မိုဘိုင်းဖုန်းများ၊ လက်ပ်တော့များနှင့် တက်ဘလက်ကွန်ပျူတာများအတွက် အသုံးပြုလျက်ရှိသည်။.

SuperBatt နည်းပညာ

icon

ကျွန်ုပ်တို့မူပိုင် SuperBatt နည်းပညာသည် နုတ်ဘွတ်ဘက်ထရီစွမ်းအားကို တိုးမြှင့်ရန်အတွက် ASUS Smart Charging Algorithm ကို အသုံးပြု ထားပါသည်။ စံချိန်မီဘက်ထရီများမှာ အချိန်ကြာလာပြီး အားပြန်သွင်းသောအကြိမ်အရေအတွက်များလာသည်နှင့်အမျှ ဘက်ထရီ အသုံးပြုသည်အပတ်ရေမှာ ပိုမိုနိမ့်ပါးသောအနေအထားသို့ ကျဆင်းသွားစဉ်တွင် SuperBatt မှ ဘက်ထရီအသုံးပြုသောအပတ်ရေ ၁၀၀၀ ကျော်သွားပြီးနောက်ပိုင်းအထိ ၇၀ ရာနှုန်း မြင့်တင်အားသွင်းပေးနိုင်ပါသည်။ ဤစွမ်းဆောင်မှုမှာ သာမန်ဘက်ထရီများထက် သုံးဆပိုမြင့်သောစွမ်းဆောင်မှုဖြစ်ပါသည်။

* K45၊ K55၊ K75 နှင့် K95 တွင်ပါ၀င်သော ASUS SuperBatt အတွက်သာဖြစ်သည်။

စစ်ဆေးမှုအနေအထား ဘက်ထရီအသုံးပြုမှုအပတ်ရေများလာပြီးနောက်ပိုင်းရှိ စွမ်းရည်
အပတ်ရေ ၃၀၀ အပတ်ရေ ၁၀၀၀
အခြားထုတ်ကုန်အမှတ်တဆိပ်များ၏ ပုံမှန်အားသွင်းမှု 80%~70% မရနိုင်ပါ
စမတ်နည်းပညာအသုံးပြုအားသွင်းသော ဘက်ထရီ ~90% ~70%