• Features
  • Tech Specs
  • Awards
  • Gallery
  • Support
22309 - ROG Zephyrus M16 (2023)
Dive headfirst into Windows 11 Pro gaming with up to an Intel Raptor Lake CPU, up to an NVIDIA® GeForce RTX™ 4090 Laptop GPU, and a dazzling Mini LED Nebula HDR™ Display.

GU604VI-NM058W

$2499

  • 16-inch
  • QHD+ 16:10 (2560 x 1600, WQXGA)
  • Windows 11 Home
  • 13th Gen Intel® Core™ i9-13900H Processor 2.6 GHz
    (24M  Cache, up to 5.4 GHz, 14 cores: 6 P-cores and 8 E-cores)
  • DDR5 16GB
  • NVIDIA® GeForce RTX™ 4070 Laptop GPU
  • 1TB PCIe® 4.0 NVMe™ M.2 SSD
  • ROG backpack
  • ROG Gladius III Mouse P514
ROG Nebula HDR branding and logo, on a space themed blue and purple background.
ROG “Dauntless Eye” logo, on a space themed blue and purple background.
Mini LED
panel
1100 nits
peak brightness
1024
dimming zones
QHD
resolution
240Hz/3ms
refresh rate
Nebula HDR Engine
pause nebula animation play nebula animation
ROG NEBULA HDR

အကောင်းဆုံရုပ်ထွက်ကြည်လင်ပြတ်သားမှုတွေကို တောင်းဆိုနေတဲ့ Gamer တွေအတွက် Zephyrus M16 ဟာ မယုံကြည်နိုင်လောက်အောင် ကောင်းမွန်တဲ့ 240Hz Refresh Rate ပါဝင်တဲ့ Nebula HDR Display ကို အသုံးပြုထားပါသည်။ 100% DCI-P3 Coverage ၊ အကောင်းမွန်ဆုံး HDR Gameplay တွေအတွက် 1100nits Peak brightness တွေကို ထောက်ပံ့ပေးနိုင်သည့် 16-inch 16:10 mini LED Panel ဟာ ရုပ်ရှင်ကြည့်တဲ့အချိန်တွေ၊ မြန်ဆန်တဲ့ Arena Shooter ဂိမ်းဆော့ကစားနေတဲ့အချိန်မှာ Screen ပေါ်ကနေ Content တွေထွက်ပေါ်လာတဲ့အလား အရည်အသွေးမြင့်မားနက်ရှိုင်းတဲ့ အနက်ရောင်တွေကို ထုတ်ပေးနိုင်ပါသည်။ Mini LED Panel မဟုတ်သည့် မော်ဒယ်တွေမှာ အမြင့်ဆုံး Brightness ဟာ 500nits အထိ ထုတ်ပေးနိုင်ပြီး Panel ၂ မျိုးစလုံးဟာ QHD Resolution နှင့် 240Hz Refresh Rate ပါဝင်မှာဖြစ်ပါတယ်။ မော်ဒယ်အားလုံးဟာ မယုံကြည့်နိုင်စရာကောင်းတဲ့ 92% Screen-to-Body Ratio ကို ထောက်ပံ့ပေးထားပါသည်။

nvidia g-sync
16:10
aspect ratio
92%
screen-to-body ratio
PANTONE® ValidatedDolby VISIONVESA certified DisplayHDR 1000

Tackle ANYTHING

Windows 11 Pro ရဲ့ ဂိမ်းဆော့ကစားနိုင်စွမ်းကို အလွယ်တကူသယ်ဆောင်နိုင်စွမ်းနဲ့ ဘက်စုံသုံးနိုင်စွမ်းတွေကို စွန့်လွှတ်ခြင်းမရှိဘဲ ရယူလိုက်ပါ။ ROG Zephyrus M16 ဟာ အမြင့်ဆုံး 13th Gen Intel® Core™ i9-13900H Processor ပါဝင်တာကြောင့် Gaming ပိုင်းနှင့် Multitasking ပိုင်းတွေကို လျှင်မြန်စွာဆောင်ရွက်နိုင်မှာဖြစ်ပါသည်။ ဒါ့အပြင် အမြင့်ဆုံး NVIDIA® GeForce RTX™ 4090 Laptop GPU ပါဝင်ပြီး သီးသန့် MUX Switch ၊ NVIDIA® Advanced Optimus နှင့် G-SYNC ကို ထောက်ပံ့ပေးထားသည့်အတွက် ဂိမ်းအားလုံးဟာ အမြင့်ဆုံးစွမ်းဆောင်ရည်ဖြင့် Tearing လုံးဝမရှိဘဲ ဆော့ကစားနိုင်မှာဖြစ်ပါသည်။ သင့်စိတ်ကူးရှိတဲ့အတိုင်း ဖန်တီးမှုတွေ၊ Streaming နှင့် Gaming ပိုင်းတွေကို လွတ်လပ်စွာပြုလုပ်လိုက်ပါ။

Windows 11 Pro
OS
Up to 13th Intel®
Core i9-13900H
Processor
Up to NVIDIA® GeForce
RTX 4090
Laptop GPU
Up to
2TB PCIe® 4.0
SSD storage
Up to
64GB 4800Hz
DDR5 memory
Up to
145W
GPU power with Dynamic Boost
Intel logo on a dark background.

13th Gen Intel® Core i9 Processor

Windows 11 အတွက် အစအဆုံးသီးသန့်ပြုလုပ်ထားသော Hybrid Artchitecture ပါဝင်သည့် Intel® Core™ i9-13900H Processor ဟာ ဘယ်လို ဂိမ်းတွေ၊ Project တွေမဆို အကောင်းဆုံးစွမ်းဆောင်နိုင်မှာဖြစ်ပါသည်။ အမြင့်ဆုံး Performance-core ၆ လုံးနှင့် Efficient-core ၈ လုံးပါဝင်တာကြောင့် AAA Gaming နှင့် Streaming တွေကို အသာလေးဆောင်ရွက်နိုင်စေမှာပါ။

14 Cores
8 e-cores + 6 p-cores
20
threads

GPU Power Unleashed

အဆင့်အမြင့်ဆုံးအစိတ်အပိုင်းတွေဟာ ပါဝါရရှိဖို့လိုအပ်ပါသည်။ အထူးသဖြင့် သင့် GPU စွမ်းဆောင်ရည်ကို အမြင့်ဆုံးရရှိဖို့အတွက် အဓိကအရေးကြီးပါသည်။ NVIDIA DLSS 3 ၊ အလွန်ပါဝါစားသက်သာသည့် Ada Lovelace Architecture နှင့် Max-Q နည်းပညာတွေဖြင့် မောင်းနှင်ထားပြီး Dynamic Boost မှာ နောက်ထပ် 25W ပါဝါရရှိနိုင်တာကြောင့် စုစုပေါင်း အမြင့်ဆုံး TGP ကို 145W ဖြင့် NVIDIA® GeForce RTX™ 4090 Laptop GPU ဟာ အကောင်းဆုံး စွမ်းဆောင်နိုင်မှာဖြစ်ပါသည်။ အခုလိုမြင့်မားသည့် Power Limit ဟာ ကဒ်ကို အချိန်ကြာကြာ Boost ပေးနိုင်ပြီး သင့်စက်ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ထုတ်ပေးနိုင်တာကြောင့် သင့်ကို အမြင့်မားဆုံး Framerate တွေရရှိဖို့ အာမခံပေးနိုင်ပါသည်။

Up to NVIDIA® GeForce
RTX 4090
Laptop GPU
Max TGP
145W
with Dynamic Boost
NVIDIA® Advanced Optimus
NVIDIA logo on a dark ROG themed background.

Clocked to the Max

GeForce RTX 40 Series Laptops

Beyond Fast for Gamers and Creators
Side by side screenshots of gameplay, on the left showing low FPS with DLSS disabled and ray tracing turned on, with the right showing substantially higher FPS with DLSS 3 enabled along with ray tracing.

AI-Powered Performance and Lifelike Graphics*

AI ဖြင့်မောင်းနှင်ထားသည့် DLSS 3 ဟာ ဂိမ်းတွေနှင့် Creative App တွေမှာ ယခင်ထက်ပိုကြီးမားတဲ့ စွမ်းဆောင်ရည်ကို ရရှိစေမှာဖြစ်ပြီး Full Ray Tracing ဟာ တကယ့်သဘာဝအတိုင်းနီးပါး Virtual World တွေကို မြင်တွေ့နိုင်စေမှာပါ။

*Cyberpunk 2077 image captured on a desktop with new Ray Tracing: Overdrive Mode ON, shown for illustrative purposes only. Actual performance varies by system.

Image of a seahorse with 3D creation software, on three panels showing the various stages of modeling and coloring.

Accelerate Your Ideas

NVIDIA Studio ဟာ သင့် Creative Project တွေကို နောက်အဆင့်တစ်ခုကို ခေါ်ဆောင်သွားနိုင်ပါသည်။ ထိပ်တန်း Creative App တွေမှာ RTX နှင့် AI Acceleration တွေကို ဖွင့်လှစ်လိုက်ပါ။ NVIDIA Studio Driver တွေဟာ သင့် ဖန်တီးနိုင်စွမ်းကို အလျှင်မြန်ဆုံးထောက်ပံ့ပေးနိုင်ဖို့အတွက် သီးသန့်ကိရိယာတွေဖြင့် အမြင့်မားဆုံးတည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါသည်။

Image of God of War on a laptop screen, with the left half of the machine being much thicker with larger bezels, and the right half showing more modern thin and light gaming laptops.

Optimized Power and Performance

NVIDIA Max-Q ဟာ AI ဖြင့်မောင်းနှင်သည့် နည်းပညာတွေကို အဆင့်အမြင့်ဆုံး စုစည်းပေးထားပြီး သင့်စက်စနစ်ကို အကောင်းမွန်ဆုံးစွမ်းဆောင်နိုင်ဖို့ Optimized ပြုလုပ်ပေးနိုင်ပါသည်။ ဒါဟာ ပါးလွှာတိတ်ဆိတ်ပြီး အလွန်ကောင်းမွန်တဲ့ Battery Life ပါဝင်သည့် မြန်ဆန်သည့် Laptop တွေကို ထွက်ပေါ်လာစေပါသည်။

ROG SAGA character SE7EN partially rendered above the Zephyrus M16’s keyboard, with game development software and a cityscape scene seen on screen.

Game. Stream. Create.

Zephyrus M16 ဟာ Gamer တွေအတွက် အထူးသီးသန့်ထုတ်လုပ်ထားပြီး ဂိမ်းထုတ်လုပ်သူတွေအတွက်ပါ ရည်ရွယ်ထားပါသည်။ Zephyrus M16 ဟာ နောက်ဆုံးပေါ် ဂိမ်းအင်ဂျင်တွေဖြစ်သည့် Unity နှင့် Autodesk တို့ကို ကောင်းမွန်စွာအသုံးပြုနိုင်မှာဖြစ်ပြီး သင့်ရဲ့ ဖန်တီးနိုင်စွမ်းနှင့် သင့်လက်ထဲမှာ အသစ်အဆန်းတစ်ခုကို ဖန်တီးဖို့တွန်းအားပေးသွားမှာဖြစ်ပါသည်။ သင့်အနေနဲ့ Digital Artist ၊ Streamer ၊Video Editor ၊ Animation ပိုင်းနှင့် Game Devlopement ပိုင်းမှာ အလုပ်လုပ်နေတယ်ဆိုရင် Zephyrus M16 ဟာ သင့်ဖန်တီးမှုတွေကို နောက်တစ်ဆင့်ကို ယူဆောင်သွားနိုင်မယ့် စွမ်းဆောင်ရည်အပြည့်ရှိနေပါသည်။

ROG Zepyrus M16 ဟာ အလွန်ပေါ့ပါးသည့် Ultraportable Laptop တစ်လုံးမှာ ဘယ်လောက်ထိ အစွန်းတစ်ဖက်ရောက်အောင် စွမ်းဆောင်နိုင်မလဲဆိုတဲ့ နှစ်နဲ့ချီပြီး Intelligent Cooling နည်းပညာကို ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံတွေဖြင့် တည်ဆောက်ထားတာဖြစ်ပါသည်။ ကျွန်တော်တို့၏ Tri-Fan နည်းပညာနှင့် ထူးခြားသည့် Full-width Heatsink ဟာ M16 ကို သာမန် Thin & Light အဆင့်ကနေ တကယ့် Gaming Machine တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပါသည်။ Thermal Grizzly Liquid Metal Thermal Compund ၊ ထူးခြားသည့် Tri-Fan Thermal Module နှင့် 0dB Ambient Cooling နည်းပညာတွေဟာ Zephyrus M16 ကို နောက်ဆုံးပေါ် Cooling စနစ်တွေနှင့် အေးမြနေစေမှာဖြစ်ပါသည်။

Thermal Grizzly
Liquid Metal
Tri-Fan
Technology
Full-width
heatsink
Up to
13°C
cooler
0dB
Ambient Cooling

Explore the matrix

AniMe Matrix™ နှင့် Virtual Pet OMNI တွေဟာ အဆင့်မြှင့်တင်မှုရရှိလာခဲ့ပါသည်။ ပိုများပြားသည့် LED တွေဟာ ပိုများပြားသည့် Animation တွေကို ဖြစ်နိုင်စေပြီး OMNI ဟာလည်း Slot Machine ၊ Shoot’em Up နှင့် Whack-A-Mole လိုမျိုး Mini Game တွေဖြင့် ပြန်လည်ရောက်ရှိလာပါသည်။ အဆိုပါ ဂိမ်းတွေဟာ AniMe Matrix™ကိုပါ လင်းပေးနိုင်မှာဖြစ်ပြီး အဆင့်ပိုရောက်လာလေ OMNI အတွက် Animation အသစ်တွေကို Unlock ပြုလုပ်နိုင်ပြီး Desktop ပေါ်မှာပါ အဖော်ပြုပေးနိုင်မှာဖြစ်ပါသည်။

Endless personalization

Zephyrus M16 ကို သင့်ကိုယ်ပိုင်ဖြစ်သွားအောင် စိတ်ကြိုက် Animation Option တွေဖြင့် ပြင်ဆင်လိုက်ပါ။ Text Message သို့မဟုတ် System Notification တွေကို ဖော်ပြတာမျိုး၊ သင့် Audio Source ကိုလိုက်ပြီး တုံ့ပြန်တာမျိုး သို့မဟုတ် သင့်ကိုယ်ပိုင် Custom Animation ကို ဖန်တီးလိုက်ပါ။

Front view of the active AniMe Matrix™ modes, with “Zephyrus M16” written on screen.
*PC required to save custom animations

Unified System Tuning and Personalization

ROG ၏ ကိုယ်ပိုင် OMNI Mascot ဟာ ပျော်ပျော်နေတတ်သည့် အဖော်တစ်ယောက်အပြင် ထိတွေ့စကားပြောဆိုနိုင်သည့် လက်ထောက်တစ်ယောက်အဖြစ်ပါ နေထိုင်နိုင်မှာဖြစ်ပါသည်။ OMNI ဟာ စတင် Activate ပြုလုပ်လိုက်သည့်အချိန်က စတင်ပြီး Desktop ပေါ်မှာရှိနေမှာဖြစ်ပြီး System Load နှင့် Battery Level အပေါ်မမူတည်ပြီး အချိန်နှင့်တပြေးညီ တုံ့ပြန်သွားမှာဖြစ်ပါသည်။ အဆိုပါ Virtual Pet ကို Zephyrus M16 မှာပါဝင်သည့် AniMe Matrix™ Display မှာလည်း ထားနိုင်မှာဖြစ်ပါသည်။

View of the laptop screen, with OMNI and his virtual assistant options on screen.

သင့်အနေနဲ့ Setting တွေပြင်ဆင်ချင်တာမျိုး၊ အပူချိန်ကို စောင့်ကြည့်ချင်တဲ့အချိန် သို့မဟုတ် Laptop ကို ကလိချင်တဲ့အချိန်မျိုးမှာ Armoury Crate ဟာ သင့်ရဲ့ ထိန်းချူပ်ရေးစင်တာဖြစ်လာမှာပါ။ အချိန်နှင့်တပြေးညီ Monitoring ပြလုပ်နိုင်တာကြောင့် သင့် GPU ၊ CPU နှင့် Memory တွေရဲ့ လုပ်ဆောင်မှုကို စောင့်ကြည့်နိုင်မှာဖြစ်ပါသည်။ Aura Sync ကို အသုံးပြုပြီး RGB ကိုလည်း Game-by-Game အနေနဲ့ ပြင်ဆင်နိုင်ပါသည်။ Fan ၊ Power Profile တွေကို ပြောင်းလဲပြီး Laptop ၏ အသံထွက်၊ Power Delivery နှင့် အပူချိန်အခြေအနေတွေကို အလွယ်တကူပြောင်းလဲနိုင်စေမှာပါ။ ဒါ့အပြင် သီးသန့် Game Deals တွေဟာလည်း သင့် Library ကို အမြဲတမ်း ထိပ်ဆုံးမှာရှိနေစေမှာဖြစ်ပါသည်။

View of the main splash page of Armoury Crate.

ROG GameVisual Software ဟာ သီးသန့် Game Genre တစ်မျိုးစီအတွက် Optimized ပြုလုပ်ထားသည့် Graphic Mode ၆ မျိုးကို အသုံးပြုနိုင်စေမှာဖြစ်ပါသည်။ First Person Shooter (FPS) Mode ဟာ ဥပမာအားဖြင့် အလွန်မှောင်မဲနေသည့်နေရာတွေကို ပိုလင်းစေမှာဖြစ်ပြီး သင့်ကို အရိပ်ထဲမှာရှိသည့်ရန်သူတွေကို သိရှိစေနိုင်ပါသည်။ သင့် Library ထဲမှာရှိသည့် ဂိမ်းတွေကို အကောင်းဆုံးဆော့ကစားနိုင်ဖို့ GameVisual ကို အသုံးပြုလိုက်ပါ။

View of the Game Visual settings menu in Armoury Crate.

အလိုအလျောက် Silent ၊ Performance နှင့် Turbo Mode တွေကို ပြောင်းလဲမှုတွေဟာ Scenario Profiles ရဲ့ အစပဲရှိပါသေးသည်။ သင့်အနေနဲ့ Application အလိုက် ပြောင်းလဲနိုင်သလို အရေးပါသည့် Lighting Configuration လိုမျိုး System Setting တွေကိုလည်း သတ်မှတ်ထားနိုင်မှာဖြစ်ပါသည်။ Windows Key နှင့် Touchpad တွေကို Enable ပြုလုပ်ဖို့၊ GameFirst VI နှင့် Sonic Studio III မှာ ဘယ် Profile တွေကို သုံးမလဲဆိုတာကိုပါ သတ်မှတ်ထားနိုင်ပါသည်။ Armoury Crate ဟာ သင့်ကို သင့်အလိုရှိသည့်အတိုင်း Profile တစ်ခုချင်းစီကို သင်သုံးနေတဲ့အပေါ်လိုက်ပြီး အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးမှာဖြစ်ပါသည်။

View of the Scenario Profiles settings menu in Armoury Crate.

portability

Infographic highlighting the dimensions of the M16.
19.9mm
< 2.1kg
အလွယ်တကူသယ်ဆောင်သွားနိုင်မှုဟာ Flagship Gaming စွမ်းဆောင်ရည်ကြောင့် အပျက်မခံပါဘူး။ အလေးချိန် 2.1Kg နှင့် အထူ 20mm အောက်ပဲရှိတာကြောင့် M16 ဟာ အပြင်သွားလာတဲ့အချိန်မှာ သယ်သွားဖို့ အလွန်လွယ်ကူမှာဖြစ်ပါသည်။
View of the screen, and information on the battery life of the M16.
90Wh
ကြီးမားသည့် 90Wh Battery ဖြင့် အားသွင်းပေါက်တွေရဲ့ အဝေးမှာ စိတ်ကြိုက် အလုပ်လုပ်၊ ဆော့ကစားလိုက်ပါ။
Profile view of the M16, with information on fast charging.
50% in 30min
အလွယ်သယ်ဆောင်သွားနိုင်မှုဟာ M16 ကို 0-50% ကို အချိန် ၃၀ မိနစ်အတွင်း အမြန်အားသွင်းပေးနိုင်သည့် Fast Charging နည်းပညာဖြင့် အားဖြည့်ပေးထားပါသည်။
View of the main screen, with Windows Hello information.
FHD 1080p
Infrared Camera ဟာ Windows Hello ကို ထောက်ပံ့ပေးနိုင်တာကြောင့် အလင်းရောင်နည်းပါးသည့် အခြေအနေတွေမှာပါ အလွန်လွယ်ကူစွာ Unlock ပြုလုပ်နိုင်စေပါသည်။
Windows Hello logo
View of the M16, with a radio wave icon in the background to emphasize Wi-Fi
WiFi 6 Certified
Wi-Fi 6E Standard အသစ်ကို အပြည့်အဝထောက်ပံ့ပေးထားသည့်အတွက် M16 ဟာ လူအသုံးများသည့် Network တွေမှာတောင် Broadband အဆင့် ချိတ်ဆက်မှုတွေကို အသုံးပြုနိုင်မှာဖြစ်ပါသည်။

Sink Into Sublime Sound

Streaming ၊ Recording နှင့် Gaming ပိုင်းတွေဟာ Zephyrus M16 ၏ Multi-faceted Audio စနစ်ဖြင့် အကောင်းဆုံးအသံထွက်ကို နားဆင်နိုင်စေမှာဖြစ်ပါသည်။ Dolby Atmos® နည်းပညာပါဝင်ပြီး Twin Tweeter တွေအပြင် Dual Force-canceling Woofer တွေဟာ လှပစွာဟန်ချက်ညီသည့် အသံထွက်ကို ထုတ်ပေးနိုင်မှာဖြစ်ပြီး Speaker Pattern ကိုပါ ဒီဇိုင်းအသစ်ပြုလုပ်ထားပါသည်။ အထူးသီးသန့်ပြုလုပ်ထားသည့် 3D Mic Array ဟာ မတူညီသည့် အခြေအနေတွေမှာ အသံကို ဖမ်းယူပေးနိုင်ပြီး Two-Way AI Noise Cancelation ဟာ သင့်ဘက်ကအသံအပြင် ဝင်ရောက်လာသည့် အသံကိုပါ ကြည်လင်အောင် ရှင်းလင်းပေးနိုင်ပါသည်။

Immersive
6 speakers
set up
Dual
force-canceling
woofers
Versatile
3D mic
array
Two-Way AI
Noise-Cancelation
technology
Dolby AtmosHi-Res Audio
View of the M16 screen with audio editing software open, with stylized sound waves coming from the device.

New Speaker
Pattern Design

The key to victory

စာရိုက်တဲ့အချိန်မှာ အသံဆူညံမှုကို 30dB အောက်မှာပဲ ထားနိုင်သည့် Stealth Type Keyboard အသစ်ဖြင့် သိုဝှက်မှုကို ထိန်းသိမ်းလိုက်ပါ။ N-Key Rollover Feature အလွန်မြန်ဆန်သည့် Input Command တွေကို ရိုက်တဲ့အချိန်မှာ Key Press အကုန်လုံးကို မှတ်ယူထားနိုင်မှာဖြစ်ပါသည်။ Overstroke နည်းပညာဟာ Key တစ်ခုချင်းစီ၏ Actuation Point ကို လျော့ချပေးနိုင်တာကြောင့် သက်သောင့်သက်သာစာရိုက်နိုင်စေမှာပါ။ Keypress တွေအတွက် အကြိမ်ရေ သန်း ၂၀ အထိ အသုံးခံသလို 1.7mm Travel Distance နှင့် Illuminated Keycap တွေဟာ သင့်ကို လာမယ့်နှစ်တွေအကြာကြီး သက်သောင့်သက်သာစာရိုက်နေနိုင်စေမှာဖြစ်ပါသည်။

1.7mm
travel distance
< 30 dB
silent keyboard rollover
20 million
key-press lifetime
ASUS AURA SYNC

Expansive connectivity

များပြားသည့် I/O Port တွေဟာ သင့်ကို ဘယ်နေရာမှာမဆို ချိတ်ဆက်နိုင်စေပြီး Productive ဖြစ်စေမှာပါ။ လုပ်ဆောင်နိုင်စွမ်းမြင့်မားသည့် Thunderbolt™ 4 Port ဟာ DisplayPort™ 1.4 နှင့် Power Delivery 3.0 ကိုပါ ထောက်ပံ့ပေးထားပြီး USB 3.2 Type-A Port ၂ ခုပါဝင်မှာဖြစ်တာကြောင့် Gaming Mouse ၊ Gamepad နှင့် တခြားသော Accessories တွေကို ချိတ်ဆက်နိုင်စေမှာပါ။ သီးသန့်ထည့်သွင်းပေးထားသည့် HDMI 2.1 Port ဟာ 4K High Refresh Rate Monitor တွေ သို့မဟုတ် 8K 60Hz Display တွေကိုပါ မောင်းနှင်နိုင်မှာဖြစ်ပါသည်။ MicroSD Slot ဟာ Creator တွေကို ရိုက်ကူး၊ တည်းဖြတ်မှုတွေနှင့် တခြား များပြားသည့် ဓါတ်ပုံ၊ ဗီဒီယိုတွေကို ဘယ်နေရာမဆို ဆောင်ရွက်နိုင်စေမှာဖြစ်ပါသည်။

Left and right profile view of the M16, with labeling of all I/O ports.
Power
USB 4 Type-C with Thunderbolt™ 4, DisplayPort™ 1.4, and Power Delivery 3.0
HDMI 2.1
USB 3.2 Gen2 Type-A
3.5mm Audio Jack
MicroSD (UHS-II)
USB 3.2 Gen2 Type-C with DisplayPort™ 1.4 and Power Delivery 3.0
USB 3.2 Gen 2 Type-A
Kensington Lock

GEAR UP AND GAME

ROG Accessories တွေဖြင့် စတိုင်လ်ကျကျဂိမ်းဆော့ကစားလိုက်ပါ။ ROG Gladius III Mouse မှာပါဝင်သည့် 19,000 dpi Sensor ဖြင့် တိကျစွာချိန်လိုက်ပါ။ ROG Fusion II 300 Headset ဖြင့် သဘာဝအတိုင်းတိကျကောင်းမွန်သော အသံထွက်မှာ နှစ်မြောလိုက်ပါ။ ပစ္စည်းအားလုံးကို အကြမ်းခံပြီး RGB-Accent ပါဝင်သည့် 15” ROG Ranger Backpack ဖြင့် သယ်ဆောင်သွားလိုက်ပါ။

*ပါဝင်သည့် Bundled Peripheral တွေဟာ နေရာဒေသပေါ်မှုတည်ပြီး ကွာခြားနိုင်ပါသည်။ ဒေသတွင်းရောင်းချသူနှင့် အတိအကျစစ်ဆေးနိုင်ပါသည်။

dicovery your next favorite game

Xbox Game Pass Ultimate

Discover your next favorite game

Play over 100 high-quality games with friends on your PC, console, phone or tablet for one low monthly price.* With games added all the time, there’s always something new to play.

*Terms and exclusions apply. Game catalog varies over time, by region, and by device. See xbox.com/gamepass and https://www.ea.com/eaplay/terms, for details. Xbox Cloud Gaming: Streaming limits apply. Requires compatible controller (sold separately), supported device and Xbox Game Pass app; see system requirements. System requirements vary by game; performance scales with higher-end systems.

ROG Backpack gallery one ROG Backpack gallery ROG Backpack gallery
ROG Backpack gallery
ROG Backpack gallery
ROG Backpack gallery
close
ROG Backpack

Awards

Video Reviews

၂၀၂၃ ခုနှစ်အတွက် အေးဆေးအကောင်းဆုံး Perfect အဖြစ်ဆုံး Gaming Laptop လို့ ပြောနိုင်တဲ့ ASUS ROG Zephyrus M16

Thin & Light ဖြစ်ပြီး Work & Play အတွက် အကောင်းဆုံး Laptop - ASUS ROG Zephyrus M16 (2023)

မြင်းကိုဂျိုတပ်ပေးလိုက်တဲ့ ASUS ၊ Mini LED display နဲ့ Zephyrus M16 က ဘယ်လိုနေမလဲ?

အလှဆုံး နဲ့ စွမ်းဆောင်ရည် အကောင်းဆုံးလို့ ပြောလို့ရမယ့် ROG Zephyrus M16 Gaming Laptop

Видеообзор от канала Pakapak

Media Reviews

CUSTOMER REVIEWS

Product has High-Definition Multimedia Interface

Disclaimer

  • The terms HDMI, HDMI High-Definition Multimedia Interface, HDMI Trade dress and the HDMI Logos are trademarks or registered trademarks of HDMI Licensing Administrator, Inc.
  • The actual version of HDMI 2.1 should be checked in the specifications page.
  • HDMI 2.0 was revised to HDMI 2.1 TMDS, and HDMI 2.1 was revised to HDMI 2.1 FRL effective from May 3, 2022.
Product Comparison

Product added to comparison. Add up to 4 products or proceed to view compare products selected.

    VIEW COMPARISON

    ASUS Footer